Thursday, February 26, 2015

NDF PRESS PELEASE 9-2015မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးမှနိုင်ငံရေးအရာရှိ NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၉/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလ(၂၆)ရက်

 

မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးမှနိုင်ငံရေးအရာရှိ NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

        ၂၆-၂-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့  မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးမှ နိုင်ငံရေးဌာနအကြီးအကဲ Dr.Colin Steinbach လာရောက်၍ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုတွေ့ဆုံပွဲသို့  NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ပါတီဒုခေါင်းဆောင်ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော  ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး၊  ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်နှင့် ဗဟိုသုတေသနတာဝန်ခံ ဦးကျော်သူငြိမ်းတို့ တက်ရောက် ဆွေးနွေးခဲ့သည်။

        ဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ၂၀၁၅ ရွေးကောက်ပွဲကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ NDF ပါတီဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ၂၀၁၀ရွေးကောက်ပွဲဖြတ်သန်းခဲ့မှုနှင့် အနိုင်ရ လွတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏လွှတ်တော်တွင်းဆောင်ရွက်ခဲ့မှုများ၊ NDF ပါတီ လက်ရှိလုပ်ဆောင်နေသည့် နိုင်ငံရေး၊ စည်းရုံးရေးအနေအထားများ၊ ပါတီမှမြန်မာနိုင်ငံအနှံဖွင့်လှစ်ထားသော ရုံးများနှင့် ပါတီဝင်များ၊  ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအနေဖြင့် ပြင်ဆင်ထားရှိမှုများ၊ လက်ရှိဖြစ်ပေါ်နေ သော တိုက်ပွဲများနှင့် ငြိမ်းချမ်းရေးဖြစ်ပေါ်ရေးအပေါ်  ပါတီသဘောထားများကို မေးမြန်းဆွေးနွေးခဲ့ရာ ပါတီခေါင်းဆောင်များက ပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၂း၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

 

 

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ

 ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်မှ ပြန်လှယ်ရောက်ရှိ၊

        NDF ပါတီ၊ ဒုဥက္ကဌ ဦးစိန်လှဦး ဦးဆောင်သော ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်မှ ၂၅ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ ထိုကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်သို့ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊  ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထက်အောင်ကျော်၊ သတင်းပြန်ကြားရေးအဖွဲ့မှ ဦးထွန်းထွန်းဝင်းသို့ လိုက်ပါသွားခဲ့ပြီး ခရီးစဉ်သည် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖြစ်သည်။

        ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ၏ စီစဉ်မှုဖြင့် မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းနှင့် ဖားကန့်မြို့နယ် များရှိ  ပါတီဝင်များနှင့် တွေ့ဆုံခြင်း၊ ပါတီရုံးများ ဖွင့်လှစ်ခြင်းများ၊ ပါတီဝင်များနှင့် ပြည်သူလူထုမှ တင်ပြချက်များ ကို ကြားနာ၍ လိုအပ်သည့်အကြံပြုချက်များကို ရှင်းလင်းပြောကြားခြင်းများ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုများနှင့် ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာမြို့နယ် များမှ ရွေးချယ်ပေးနိုင်ရေး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA အစည်းအဝေးကျင်းပ

        ၂၅-၂-၂၀၁၅ ရက်နေ့ နေ့လည်၁း၀၀နာရီတွင် ချင်းတွင်းလမ်းရှိ ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်း အောင်မြင့်၏နေအိမ်တွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့၏ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

        ထိုအစည်းအဝေးသို့ ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်၊ချင်းတိုးတက်ရေးပါတီမှ ဦးရှိန်ထွန်း၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးလှမြင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးစိုးမောင်၊

နှင့် ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဌ ဦးသုဝေ၊ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဦးသန်းဝင်း၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဦးတိုးတိုး ၊ အခြားဖိတ်ကြားထားသော ပါတီများ ဖြစ်သည့်  မြန်မာ့အမျိုးသားကွန်ယက်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားရေးအင်အားစုပါတီနှင့်အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်မှ ပါတီဥက္ကဌနှင့် ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးတွင် FDA အဖွဲ့ တိုးချဲ့ရေးကိစ္စကို ဆွေးနွေးခဲ့ကြပြီး FDA အဖွဲ့၏ချမှတ်ထားသော မူဘောင်များနှင့် ညီညွတ်သော ပါတီများကို အဖွဲ့ဝင်အဖြစ်လက်ခံရေး၊ FDA အဖွဲ့လှုပ်ရှားမှုများ သွက်လက် လာအောင် ကြိုးပမ်းဆောင်ရွက်ရေးကိစ္စများကို  ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင်သစ်များ တရားဝင်လက်ခံရေး အစည်းအဝေးကို လာမည့် မတ်လ ၁၁ရက်နေ့တွင် ထပ်မံကျင်းပရန်  သဘောတူကြပြီး FDA အဖွဲ့ အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

COC မဲဆွယ်စည်းရုံးရေးဆိုင်ရာကျင့်ဝတ် NDF တက်ရောက်ဆွေးနွေး။

        ၂၀၁၅ ရွေးကောက်ပွဲတွင် နို်င်ငံရေးပါတီများအနေဖြင့်  လိုက်နာသင့်သည့် COC မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ကျင့်ဝတ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ခပေါင်းလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ NDF ပါတီကိုယ်စား လှယ်များ သွားရောက်ဆွေးနွေးခဲ့သည်။

        မြန်မာနိုင်ငံဆိုင်ရာ ဆွတ်ဇာလန်နိုင်ငံသံရုံးမှ ကမကထပြုလုပ်နေသည့် COC မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများ  ပေါ်ထွက်လားရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ မူကြမ်းတစ်စောင်ကို ပြုစု တင်ပြထားပြီးဖြစ်သည်။ ထိုမူကြမ်းကို ပြုစုထားသော NDFဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဦးကြီးမြင့်နှင့် ဗဟိုသုတေသနမှူး ဦးကျော်သူငြိမ်းတို့သည် ဆွတ်ဇာလန်သံရုံးမှ တာဝန်ရှိသူများနှင့်  တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

        မနက်ဖြန် ၂၇-၂-၂၀၁၅ ရက်နေ့တွင် COC မဲဆွယ်စည်းရုံးရေးဆိုင်ရာကျင့်ဝတ် ရေးဆွဲရေးကော်မတီ တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီအဖွဲ့များမှ ကိုယ်စားလှယ်များ  ဆွတ်ဇာလန်သံရုံး တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်း ကြားနာပွဲသို့

NDFပါတီတက်ရောက်ဆွေးနွေးမည်

        အမျိုးသားလွှတ်တော်တွင်ပြုလုပ်မည့် အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်း ကြားနာ ပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။ ပါတီကိုယ်စားပြု၍ တက် ရောက်ဆွေးနွေးရန်အတွက် NDFပါတီ၏ ပညာရေးဥပဒေမူကြမ်းကို ပြုစုရေးသားခဲ့သူ ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးအား ပါတီမှ တာဝန်ပေးအပ်ထားကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

 

No comments:

Post a Comment