Wednesday, February 18, 2015

NDF PRESS RELEASE6-2015 NDFပါတီခေါင်းဆောင်များအား အမေရိကန်သံရုံးမှနိုင်ငံရေးအရာရှိ လာရောက်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၈/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလ( ၁၈)ရက်

NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်သွားရောက်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးထက်အောင်ကျော်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ ပါဝင်သော အဖွဲ့သည် ၁၈-၂-၂၀၁၅ရက်နေ့ နေ့လည်ပိုင်းက လေကြောင်းခရီးဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ကြသည်။ ပါတီဗဟိုခေါင်းဆောင်များအား မြစ်ကြီးနားလေဆိပ်တွင် NDF ကချင်ပြည်နယ်စည်းရုံး

ရေးကော်မတီဝင်များက လာရောက်ကြိုဆိုခဲ့ကြသည်။ ကချင်ပြည်နယ်အတွင်းရှိ NDF မြို့နယ်ရုံးများ တည်ရှိရာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များသို့ သွားရောက်ကြမည် ဖြစ်ပြီး ပါတီစည်းရုံးရေး ကိစ္စများနှင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ ရွေးချယ် ရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။ ထို့ပြင် ဗန်းမော်နှင့် ၀ိုင်းမော်၊ အင်ဂျင်ယန်မြို့နယ်များသို့လည်း ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ၏ စီစဉ်မှုဖြင့် သွားရောက်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ခရီးစဉ်သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ဖြစ်သည်။

 

NDFပါတီဒုခေါင်းဆောင်ဦးတိုးပိုနှင့်အဖွဲ့ ထားဝယ်သို့ သွားရောက်မည်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင် ဦးကြီးမြင့်တို့သည် ၁၉-၂-၂၀၁၅ ရက်နေ့တွင် ထားဝယ်မြို့သို့ ပါတီစည်းရုံးရေးကိစ္စဖြင့်သွားရောက်ကြမည် ဖြစ်သည်။  အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် တနင်္သာရီတိုင်းတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရေးတို့အတွက် ပါတီကိုအားပေးသူများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDFပါတီခေါင်းဆောင်များအား အမေရိကန်သံရုံးမှနိုင်ငံရေးအရာရှိ လာရောက်တွေ့ဆုံ

        ၁၈-၂-၂၀၁၅ ရက်နေ့၊ နံနက် ၁၁း၀၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ နိုင်ငံရေးအရာရှိ မစ္စတာ ဂျက်ဖ်ဝါနာ လာရောက်၍ ပါတီခေါင်းဆောင်များအားတွေ့ဆုံခဲ့သည်။

        ထိုတွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဗဟိုပြန်ကြားရေး တာဝန်ခံ ဦးတိုးတိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကြီးမြင့်၊ ဗဟိုသုတေသနအဖွဲ့ခေါင်းဆောင် ဦးကျော်သူငြိမ်းတို့ တက်ရောက်ခဲ့ကြသည်။  မစ္စတာ ဂျက်ဖ်ဝါနာမှ မြန်မာ့နိုင်ငံရေးအခြေအနေ၊ ရွေးကောက်ပွဲ ကိစ္စ၊ NDF ပါတီလုပ်ဆောင်မှုများနှင့် မူဝါဒလမ်းစဉ်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ARTICLE 19 အဖွဲ့မှ မြန်မာပြည်တာဝန်ခံ NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

                ၁၈-၂-၂၀၁၅ ရက်နေ့၊ နေ့လည်၁း၀၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်ရုံးသို့ ARTICLE 19 အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံMr.Oliver Spencer-Shrestha ဦးဆောင်သော အဖွဲ့မှ လာရောက်၍  NDF ပါတီခေါင်းဆောင်များအားတွေ့ဆုံခဲ့သည်။

        ထိုတွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဗဟိုပြန်ကြားရေး တာဝန်ခံ ဦးတိုးတိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကြီးမြင့်၊ ဗဟိုသုတေသနအဖွဲ့ခေါင်းဆောင် ဦးကျော်သူငြိမ်းတို့ တက်ရောက်ခဲ့ကြသည်။  ဆွေးနွေးပွဲတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေအထားများ၊ နိုင်ငံရေးပါတီများနှင့် မီဒီယာများ၏ ဆက်ဆံရေးအခြေအနေများ၊ မီဒီယာများ၏သတင်းဖော် ပြမှုအပေါ် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

        ANTICAL 19 အဖွဲ့သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအားလုံးနှင့် သွားရောက်တွေ့ဆုံရန်အတွက် ဆောင်ရွက်ရန်အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရပါသည်။

No comments:

Post a Comment