Saturday, February 14, 2015

ဒီမိုကရေစီပညာရေးစနစ်ပြုပြင်မှုအောင်ပွဲ စကားရပ်အပေါ် ရှင်းလင်းချက်ထုတ်ပြန်ခြင်း။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၆/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလ( ၁၅)ရက်

 

ဒီမိုကရေစီပညာရေးစနစ်ပြုပြင်မှုအောင်ပွဲ စကားရပ်အပေါ် ရှင်းလင်းချက်ထုတ်ပြန်ခြင်း။

        ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ၁၄/၂/၂၀၁၅ ရက်စွဲပါ ကျောင်းသားများလှုပ်ရှား တောင်းဆိုမှု အပေါ်သဘောထားကြေညာချက်၏ အပိုဒ်ခွဲ(၆)တွင်ဖော်ပြထားသော " ဒီမိုကရေစီပညာရေးစနစ် ပြုပြင်မှုအောင်ပွဲ " ဟူသော စကားရပ်ကို မီဒီယာများအပါအ၀င် စိတ်ဝင်စားသည့် အဖွဲ့အစည်းများက  သိရှိလို၍ မေးမြန်းလာကြပါသည်။ သို့ပါ၍  " ဒီမိုကရေစီပညာရေးစနစ်ပြုပြင်မှုအောင်ပွဲ " ဟူသည့် စကားရပ်သည်  လွှတ်တော်တွင်း၌ ဒီမိုကရေစီပညာရေးဥပဒေပြဋ္ဌာန်းပြီးသည့်အခါကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ ဤသည်မှာ လေးပွင့်ဆိုင်ညှိနှိုင်းပြေလည်ပြီးဖြစ်၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် လိုအပ်ခြင်း မရှိတာ့သည့်  အချိန်ကာလကို ရည်ညွန်းခြင်းလည်း ဖြစ်ပါသည်။

        ထိုသို့သော  ညီညွတ်ပြေလည်ပြီးသည့်အချိန်၌ ပညာရေးဥပဒေတောင်းဆိုမှုအောင်မြင်ခြင်းကို ဂုဏ်ပြု သည့် အထိမ်းအမှတ်အဖြစ်  တရားဝင်ခွင့်ပြုချက်ဖြင့် အောင်ပွဲအခမ်းအနားတစ်ခုကို ကျင်းပလိုက ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ငြိမ်းချမ်းစွာ၊ တရားဥပဒေနည်းလမ်းကျနစွာ၊ အောင်ပွဲဆင်နွဲခွင့်ပြုသင့်ကြောင်းကို သက်ဆိုင်ရာအာဏာပိုင်များအား ကြိုတင် တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း  စိတ်ဝင်စားသူများ သိရှိနိုင်စေရန် NDFပါတီ၏ ကျောင်းသားများလှုပ်ရှား တောင်းဆိုမှုအပေါ်သဘောထားကြေညာချက် ကြေညာချက် အမှတ်(၅/၂၀၁၅)၏ နောက်ဆက်တွဲရှင်းလင်းချက် အဖြစ် ထုတ်ပြန်လိုက်သည်။

-       ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဆုံးဖြတ်ချက်အရ

 

 

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

      ရန်ကုန်မြို့

 

No comments:

Post a Comment