Tuesday, February 3, 2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မန္တလေးတိုင်း မဟာအောင်မြေနှင့် တံတားဦးမြို့နယ်များတွင် ပါတီရုံးဖွင့်

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၅/၂၀၁၅)

ရက်စွဲ။ ၃-၂-၂၀၁၅

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ  မန္တလေးတိုင်း မဟာအောင်မြေနှင့် တံတားဦးမြို့နယ်များတွင် ပါတီရုံးဖွင့်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်နှင့် တံတားဦးမြို့နယ်များ တွင်ပါတီမြို့နယ်ရုံးဖွင့်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။  ထိုဖွင့်ပွဲများသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ပါတီဒု ခေါင်း ဆောင်ဦးတိုးပိုနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြိုနယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

        ၁-၂-၂၀၁၅ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရုံးဖွင့်ပွဲကို အမှတ် ၅၀၊ လမ်း၆၀၊ ၄၂×၄၃လမ်းကြားရှိ ဦးခိုင်ထက်အိမ်တွင် ကျင်းပခဲ့ရာ ပါတီဒုခေါင်းဆောင်ဦးတိုးပို၊ မန္တလေးတိုင်း ဥက္ကဌ ဦးကျော်အောင်၊ ပါတီဥက္ကဌဦးခင်မောင်ဆွေတို့က ဖွင့်လှစ်ပေးပြီး အမှာစကားအသီးသီး ပြောကြား ခဲ့ကြသည်။ ထို့နောက် NDF ပါတီ၊ မန္တလေးတိုင်းစီးပွားရေးကော်မတီရုံးဖွင့်ပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။

        ၂-၂-၂၀၁၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် NDF ပါတီ တံတားဦးမြို့နယ်ရုံးဖွင့်လှစ်ပွဲကို  တံတားဦးမြို့ နယ် ဘူတာရပ်ကွက်ရှိ ဦးအောင်မြင့်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲများသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ပါတီဒု ခေါင်းဆောင်ဦးတိုးပိုနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ မန္တလေးတိုင်းစည်းရုံး ရေး ကော်မတီဝင်များ၊ မြိုနယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ တံတားဦးမြို့နယ်အတွင်းရေးမှူး ဦးဝဲကျော်၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့က အမှာစကားအသီးသီး ပြောကြားခဲ့ သည်။

 

 

 

 

NDFပါတီ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ပြည်သူ့စစ်တမ်းကောက်ယူမှု ပြုလုပ်

        NDF ပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူပွဲနှင့်  NDF လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များအကြောင်း ပြည်သူတို့ အသိပေးခြင်း ကို ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ၁-၂-၂၀၁၅ရက်နေ့ နံနက် ၉း၃၀နာရီတွင် ဆောင်ရွက်ခဲ့သည်။  ထိုလှုပ်ရှားမှုသို့

ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြောက်ဥက္ကလာပနှင့်ဒဂုံဆိပ်ကမ်းမြို့နယ်မှ မြို့နယ်စည်းများ စုစုပေါင်း လူအင်အား ၄၀ကျော်ဖြင့် ဆောင်ရွက်ခဲ့သည်။ ၈၇ရပ်ကွက်၊ ၈၈ရပ်ကွက်၊ ၉၂ ရပ်ကွက်၊ ၉၃ရပ်ကွက်နှင့် ၉၄ ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ ပြည်သူ့ဆန္ဒစစ်တမ်းများကောက်ယူဖြည့်စွက်ခြင်း၊ NDF လွှတ်တော်ကိုယ် စားလှယ်များ၏ ဆောင်ရွက်ချက်လက်ကမ်းစာစောင်များကိုဖြန့်ဝေခြင်းများကို ညနေ ၃း၀၀နာ၇ီအထိ ပြုလုပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

နယူးဇီလန် ဗစ်တိုရီယားတက္ကသိုလ် နိုင်ငံရေးသိပ္ပံကျောင်းသားများအား

NDF ပါတီအကြောင်း ဟောပြောခဲ့

        ၂-၂-၂၀၁၅ ရက်နေ့ ညနေ ၄း၀၀နာရီတွင် အင်းလျားလိတ်ဟော်တယ်တွင် ကျင်းပပြုလုပ်သော မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်သည့် ဟောပြောပွဲတွင် NDF ပါတီ၏ဆောင်ရွက်ချက်များ အကြောင်းကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းက တက်ရောက်ဟောပြောခဲ့သည်။ ဟောပြောပွဲတွင် NDF ပါတီ၏မူဝါဒများ၊ လွှတ်တော်တွင်း ဆောင်ရွက်ချက်များနှင့် ပါတီ၏ရပ်တည်ချက်များအကြောင်း ဟောပြောခဲ့သည်။

No comments:

Post a Comment