Thursday, January 31, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း တတိယနေ့ဆက်လက်ပို့ချ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း တတိယနေ့ဆက်လက်ပို့ချ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်တွင် ပို့ချလျှက်ရှိသော
ပါတီဝင်များအတွက် စွမ်းရည်ဖွံ့ဖြိုးရေး သင်တန်း အမှတ်စဉ် ၁/၂၀၁၃
တတိယနေ့ကို ၃၁-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ပို့ချသည်။
သင်တန်းမနက်ပိုင်းအစီအစဉ်အရ နံနက် ၉း၃၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ
မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ဒီမိုကရေစီနှင့်
သက်ဆိုင်သော အကြောင်းအချက်များနှင့် ပြည်သူလူထုအတွင်း
စည်းရုံးရေးလုပ်ငန်းဖော်ဆောင်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့်
ကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို
ဟောပြောပို့ချခဲ့သည်။ ထိုနောက် သင်တန်းသားများက မေးမြန်းသော
မေးခွန်းများကို ပြန်လည်ဖြေကြားသည်။
နေ့လည် ၂း၀၀နာရီတွင် စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း အမှတ်စဉ် ၁/၂၀၁၃
သင်တန်းဆင်းပွဲကို ပြုလုပ်ရာတွင်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များဖြစ်ကြသော
ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် ဒုတိယ ခေါင်းဆောင် ဦးတိုးပို၊
ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး။ အထွေထွေအတွင်းရေးမှူး
ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ အတွင်းရေးမှူး(၃)
ဦးကျော်သူရ၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်တို့ တက်ရောက် ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့်
ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့က အမှာစကားများပြောကြားကာ
သင်တန်းသား၊သင်တန်းသူ နှစ်ဦးက ပြန်လည်၍ ကျေးဇူးတင်စကားများ
ပြောကြားကြသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များကို
သင်တန်းတက်ရောက်သူအားလုံးအား တစ်ဦးချင်းပေးအပ်ကာ သင်တန်းဆင်းပွဲကို
အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း အမှတ်စဉ်
၁/၂၀၁၃ ကို ဖန်န၀ါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးရက်တိုင်တိုင်
ဌာနချုပ်ရုံးအစည်းအဝေးခန်းမတွင် ပို့ချခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသ
ကြီးများမှ သင်တန်းသား၊ သင်တန်းသူ (၄၀) တက်ရောက်ခဲ့ပါသည်။

No comments:

Post a Comment