Monday, January 28, 2013

Internalional Republican Institute မှ NDF သို့ လာရောက်တွေ့ဆုံ


Internalional Republican Institute  မှ NDF သို့ လာရောက်တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့   ၂၁-၁-၂၀၁၂ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် Internalional Republican Institute  မှ  Mr.Christian Angell လာရောက်၍ ပါတီခေါင်းဆောင်များနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများ ကို တွေ့ဆုံဆွေးနွေး ပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီင်္ဒုခေါင်းဆောင် ဦးတိုးပို၊  ပါတီဒု-ဥက္ကဌ ဦးစိန်လှဦး ၊ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ တို့ တက်ရောက် ကြသည်။  ဆွေးနွေးပွဲတွင်  မြန်မာ့နိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးပါတီအနေအထားများ၊ နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များနှင့် အကူအညီပေးနိုင်မည့် နည်းလမ်းများနှင့် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေနှင့် ထင်မြင်ချက်များကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment