Tuesday, January 29, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်မြင့်တင်ရေးသင်တန်း ၁/၂၀၁၃ ဖွင့်ပွဲပြုလုပ်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်မြင့်တင်ရေးသင်တန်း ၁/၂၀၁၃ ဖွင့်ပွဲပြုလုပ်

၂၉-၁-၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဌာနချုပ်ရုံးတွင် ပါတီဝင်များအတွက် စွမ်းရည်မြင့်တင်ရေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

            ထိုအခမ်းအနားသို့ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ၊

ပါတီဒု-ဥက္ကဌ ဦးစိန်လှဦး၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဌာနချုပ်ရုံးအုပ်ချုပ်ရေးမှူး ဦးတိုးတိုးနှင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပါတီဝင်သင်တန်းသားများ ၄၀ဦး  တက်ရောက်ကြသည်။

            အခမ်းအနားအစီအစဉ်အရ သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားကာ ပါတီ ခေါင်းဆောင်များနှင့် သင်တန်းသားများကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက နှုတ်ဆက်စကားပြောကြားကာ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က သင်တန်းနှင့် ပတ်သက်သည့် ကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

            ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေများကို သင်တန်းပို့ချသည်။

နေ့လည်ပိုင်းတွင် ဦးသီဟန်မျိုးညွှန့်က Rule of Law ကို ပို့ချခဲ့သည်။

သင်တန်းမှာ ၂၉-၁-၂၀၁၃ ရက်နေ့မှ ၃၁-၁-၂၀၁၃ ရက်နေ့အထိ သုံးရက်တိုင်တိုင် ပို့ချမည်ဖြစ်ပြီး ဒေါက်တာမင်းဇော်ဦး၊ ဒေါက်တာအင်ဒရှုးနှင့် ဦးအောင်နိုင်ဦးတို့က လာရောက်ပို့ချမည်ဖြစ်သည်။

 

No comments:

Post a Comment