Tuesday, December 29, 2015

လိပ်ကျွန်းလူသတ်မှု တရားမျှတစွာစစ်ဆေးနိုင်ရေးအတွက် NDFပါတီ၏ လက်မှတ်ရေးထိုးလှုပ်ရှားမှုများ ပြည်နယ်/တိုင်းများပါ လုပ်ဆောင်

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၄၄/ ၂၀၁၅)

ရက်စွဲ။ ၂၉-၁၂-၂၀၁၅

လိပ်ကျွန်းလူသတ်မှု တရားမျှတစွာစစ်ဆေးနိုင်ရေးအတွက် NDFပါတီ၏ လက်မှတ်ရေးထိုးလှုပ်ရှားမှုများ ပြည်နယ်/တိုင်းများပါ လုပ်ဆောင်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီမှ ဦးဆောင်၍ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားမျှတစွာ အမှုပြန်လည် စစ်ဆေးပေးရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်းလှုပ်ရှားမှုကို  ရန်ကုန်တိုင်းအတွင်း၌သာမက တိုင်းနှင့်ပြည်နယ် များတွင်ပါ  လုပ်ဆောင်ကြရန်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ညွှန်ကြားလိုက်ကြောင်း သတင်း ရရှိပါသည်။

ဤကဲ့သို့ စုဆောင်းရရှိသော လက်မှတ်များကို ထိုင်းနိုင်ငံသံရုံးမှတဆင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ မေတ္တာရပ်ခံ ပေးပို့သွားရန် ဗဟိုဌာနချုပ်မှ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ရရှိသောလက်မှတ်များကို စုစည်း၍  ဇန်န၀ါရီလ(၁၅)ရက်နေ့ နောက်ဆုံးထား၍ ဗဟိုဌာနချုပ်သို့ ပေးပို့ရန်ကို ညွန်ကြားထား ကြောင်း သိရှိရပါသည်။

 

 

 

 

#to be happy#

$$ kotoetoe $$

No comments:

Post a Comment