Saturday, December 5, 2015

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၄၂/ ၂၀၁၅)

         ရက်စွဲ။         ၅-၁၂-၂၀၁၅

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအလုပ်ကော်မတီ (စုံညီ) အစည်းအဝေးကို ၅-၁၂-၂၀၁၅ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပါတီ ဌာနချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ် နှင့်တိုင်းများမှ ဗဟိုအလုပ်ကော်မတီဝင်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအဖြစ် ဦးကျော်အောင်တို့မှ ဆောင်ရွက်ခဲ့သည်။

         သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကာလ အတွေ့အကြုံများနှင့် ရွေးကောက်ပွဲပြီးကာလ ပါတီရှေ့ဆက်သွားမည့် နိုင်ငံရေး၊ စည်းရုံးရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ပြည်နယ်နှင့်တိုင်းများမှ ဗဟိုအလုပ်ကော်မတီဝင် များက တိုင်းနှင့်ပြည်နယ်အလိုက် ရွေးကောက်ပွဲအခြေအနေများကို တင်ပြကြရာတွင် ကချင်ပြည်နယ်မှ ဦးမြတ် မိုးမြင့်၊ကရင်ပြည်နယ်မှ ဦးအောင်ဝင်းလှိုင်၊ စစ်ကိုင်းတိုင်းအတွက် ဦးခိုင်မောင်ရည်၊  တနသာင်္ရီတိုင်းအတွက် ဦးတိုးပို၊ ပဲခူးတိုင်းမှ ဦးမြတ်မိုး၊ မကွေးတိုင်းမှ ဦးအေးမင်းထွန်း၊ ဦးအောင်၊ မန္တလေးတိုင်းမှ ဦးခင်မောင်သန်း၊ မွန်ပြည်နယ်မှဦးကြည်အေး၊ ရန်ကုန်တိုင်းမှ ဦးထက်အောင်ကျော်၊ ရှမ်းပြည်နယ်နှင့်ဧရာဝတီတိုင်းအတွက် ဦးတိုးတိုး တို့မှ  တင်ပြဆွေးနွေးခဲ့ ကြသည်။

         ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုံးသပ်ချက်များကို အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိင်၊ အတွင်းရေးမှူး ဦးနေမင်းကျော်တို့က တင်ပြခဲ့သည်။ ထို့နောက်

ပါတီစည်းရုံးရေး၊ နိုင်ငံရေးအစီအစဉ်များ၊ တိုင်း၊ြုပည်နယ်၊ မြို့နယ်စည်းများ ပြန်လည်ဖွဲ့စည်းရေး၊ ဗဟိုဦးစီး ကော်မတီဝင်အသစ်များ ရွေးချယ်ရေး၊ နိုင်ငံလုံးဆိုင်ရာပါတီဗဟိုဦးစီးညီလာခံကျင်းပရေး၊ အခြေအနေများ၊

ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ် ရွေးချယ်ရေးကိစ္စများကို တက်ရောက်လာကြသူများက  ၀ိုင်းဝန်းဆွေး နွေးအကြံပြုခဲ့ကြသည်။ ထို့နောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကျင်းပရေး၊ ထိုအစည်းအ ဝေးမှ ပါတီဗဟိုအလုပ်အမှုဆောင်အသစ်ကိုရွေးချယ်ရေးနှင့် ပါတီနာယကအဖွဲ့ဖွဲ့စည်းရေးတို့ကို သဘောတူ ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးကို ညနေ ၄း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။  

No comments:

Post a Comment