Monday, December 28, 2015

NDFပါတီမှ လိပ်ကျွန်းလူသတ်မှု တရားမျှတစွာစစ်ဆေးနိုင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှု လုပ်ဆောင်မည်

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၄၃/ ၂၀၁၅)

ရက်စွဲ။ ၂၈-၁၂-၂၀၁၅

NDFပါတီမှ လိပ်ကျွန်းလူသတ်မှု တရားမျှတစွာစစ်ဆေးနိုင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှု လုပ်ဆောင်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီမှ ဦးဆောင်၍ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားမျှတစွာ အမှုပြန်လည် စစ်ဆေးပေးရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်းလှုပ်ရှားမှုကို ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ  မြို့နယ် ငါးမြို့နယ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုလှုပ်ရှားမှုကို  အမျိုးသားဒီိမိုက ရေစီအင်အားစုပါတီ တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဦးဆောင်မည် ဖြစ်သည်။ လက်မှတ်ရေးထိုးကမ်ပိန်းလုပ်ဆောင်မည့် မြို့နယ်များမှာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ကြည့်မြင့်တိုင်နှင့် တွံ့တေးမြို့နယ်များဖြစ်သည်။ အခြားမြို့နယ်များတွင်လည်း ထိုလက်မှတ်ရေး ထိုးလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment