Thursday, December 24, 2015

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု သေဒဏ်အပြစ်ပေးခံရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အာစုပါတီ၏ သဘောထားထုတ်ပြန်ချက်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု သေဒဏ်အပြစ်ပေးခံရခြင်းနှင့်ပတ်သက်၍

အမျိုးသားဒီမိုကရေစီအင်အာစုပါတီ၏

သဘောထားထုတ်ပြန်ချက်

ရက်စွဲ။         ၂၅-၁၂-၂၀၁၅

 

၁။      ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍  ပြစ်မှုကျူးလွန်သူများအဖြစ်စွပ်စွဲကာ ရုံးတင်စစ်ဆေးခံ နေရသော မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားရခိုင်လူငယ်နှစ်ဦးအား  (၂၄-၁၂-၂၀၁၅) ရက်နေ့တွင် ထိုင်းခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်ကြောင်း စီရင်ချက်ချမှတ်၍ သေဒဏ်အပြစ်ပေးလိုက်ကြောင်း သတင်းကြား သိရသဖြင့်  အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် စိတ်မကောင်းခြင်း များစွာ ဖြစ်ရပါသည်။ 

၂။      ထိုလူသတ်မှုအား စုံစမ်းစစ်ဆေးရာတွင် ရဲလုပ်ငန်းစဉ် စနစ်မကျမှု၊ မူခင်းဆရာဝန်လိုက်ပါဆောင်ရွက်မှု အားနည်းခြင်း၊ သက်သေခံပစ္စည်းများ၊ လူသက်သေမပြနိုင်မှုနှင့် DNA စစ်ဆေးမှု တို့သည် ပြည်စုံလုံ လောက် မှုမရှိဘဲ လိုအပ်ချက်များ ရှိနေသည်ဟု နိုင်ငံတကာဥပဒေပညာရှင်များနှင့်  ထိုအမှုကို လေ့လာစောင့် ကြည့်သူ များက ဝေဖန်ထောက်ပြနေသည်မှာ လူသိထင်ရှား ဖြစ်ပါသည်။

၃။      ထိုင်းနိုင်ငံတရားရုံးမှ ဤကဲ့သို့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် ထိုမြန်မာနိုင်ငံသားနှစ်ဦးကို တရားရုံး လုပ်ထုံးလုပ်နည်းဆိုင်ရာအဆင့်ဆင့်ဖြင့် အယူခံသွားရောက်ရေးအတွက် တာဝန်ရှိသူများနှင့် ကူညီပံ့ပိုးနေကြ သည့် အဖွဲ့အစည်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးပါရန် ပန်ကြားလိုပါသည်။ ထိုအတွက် လိုအပ်သော ဥပဒေပိုင်းဆိုင်ရာအကြံဥာဏ်များကိုလည်းကောင်း၊ လိုအပ်သောငွေကြေးများကိုလည်းကောင်း  ၀ိုငးဝံကူညီကြ ပါရန်နှင့်  နိုင်ငံတော်အစိုးရပိုင်းမှလည်း လိုအပ်သလို ဆက်လက်ကူညီဆောင်ရွက်ပေးပါရန်ကိုလည်း ထပ်မံ တိုက်တွန်း လိုပါသည်။

၎။      အထက်ဖေါ်ပြပါ လက်ရှိအခြေအနေအား လက်မခံနိုင်သော မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ သံရုံးကို ဆန္ဒပြရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မထိခိုက်စေပဲ နိုင်ငံကြီးသားပီသစွာ ဆန္ဒပြကြမည်ကိုလည်း အထူးကြိုဆိုပါသည်။  

၅။      ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားများ၏ ကြုံတွေ့ နေရသော အခက်အခဲများကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် ၂နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ အကာအကွယ်ပေးရန်နှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးပါရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment