Saturday, October 4, 2014

NDF PRESS 51-2014 မွန်ပြည်နယ် သထုံမြို့နယ် NDF ရုံးဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်( ၅၁/၂၀၁၄

ရက်စွဲ။  ၄-၁၀-၂၀၁၄

 

မွန်ပြည်နယ် သထုံမြို့နယ် NDF ရုံးဖွင့်လှစ်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မွန်ပြည်နယ် သထုံမြို့နယ်ရုံးဖွင့်ပွဲကို ၄-၁၀-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် မြို့နယ်ရုံးတည်ရှိရာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ  ဦးဆန်းဝင်း နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

        ထိုဖွင့်ပွဲသို့  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသက်ထွန်းမောင်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးကြီးမြင့်၊ ဗဟိုအလုပ်ကော်မတီဝင် ဦးမင်းမင်းထွန်း၊ လူငယ်တာဝန်ခံ ဦးကျော်သူရနှင့် ရန်ကုန်တိုင်း လူငယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဦးကျော်ထက်၊ မွန်ပြည်နယ်စည်းရုံးရေးမှူး ဦးမြင့်အောင်၊ သထုံ၊ ဘီးလင်းနှင့် ပေါင်မြို့နယ်များ မှ မြို့နယ်စည်းများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

        ဆိုင်းဘုတ်တင်ပွဲပြုလုပ်ပြီးနောက် ဆွေးနွေးပွဲပြုလုပ်ရာတွင် ပါတီမူဝါဒနှင့်လုပ်ဆောင်ချက် များ ကို  ဦးသက်ထွန်းမောင်နှင့် ဦးကြီးမြင့်တို့က ရှင်းလင်းပြောဆိုခဲ့ကြပြီး လူငယ်ရေးရာကိစ္စများကို ဦးကျော်သူရ က ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ပါတီဝင်များ၏မေးမြန်းချက်များကို ဦးသက်ထွန်းမောင်၊ ဦးကြီးမြင့်၊ဦးသာဆိုင်နှင့် ဦးကျော်သူရတို့က ဖြေကြားခဲ့ကြပြီး ရုံးဖွင့်ပွဲအခမ်းအနား ကို  နေ့လည် ၁း၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDF မန္တလေးတိုင်းစည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း အစည်းအဝေးကို  ၄-၁၀ ၂၀၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် တိုင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။မန္တလေးတိုင်းစည်းကော်မတီအသစ်ပြန်လည်ဖွဲ့ စည်းခြင်းအတွက် ဒီမိုကရေစီနည်းကျ အဆိုပြုရွေးချယ် ခဲ့ကြပါသည်။ ထိုရွေ်းချယ်ပွဲမှ NDF မန္တလေးတိုင်း ဥက္ကဌ အဖြစ် ဦးကျော်အောင်၊ ဒုဥက္ကဌ(၁) ဦးမောင်မောင်လှသောင်း၊ ဒုဥက္ကဌ(၂) ဦးမြင့်ဋ္ဌေး၊  အတွင်းရေးမှူးအဖြစ် ဦးမြင့်ဦး၊  အတွင်းရေးမှူး(၁) အဖြစ်ဦးခင်မောင်ကြည်၊ အတွင်းရေးမှူး(၂)အဖြစ် ဒေါက်တာထွန်းထွန်းဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးခင်မောင်သန်း

တို့ အား အသီးသီး အဆိုပြုရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment