Saturday, April 30, 2016

NDF ၁၁၆နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

၁၁၆နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကြေညာချက်

ရက်စွဲ။  ၂၀၁၆ခုနှစ်၊ မေလ(၁)ရက်

          ယနေ့သည်ကား ၁၁၆ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပေသည်။

          မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ်တစ်လျှောက်မှစ၍ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းကာလများ တိုင် အောင်  အတင်းအဓမ္မစေခိုင်းခြင်းနှင့် လုပ်အားခေါင်းပုံဖြတ်မှုများကို ကြုံတွေ့ခဲ့ရပါသည်။ ဒီမိုကရေစီအကူးအ ပြောင်းကာလ မှ ယနေ့ထက်တိုင်လည်း အလုပ်သမားများရသင့်ရထိုက်သောအခွင့်အရေးများ ရရှိခံစားရခြင်း မရှိဘဲ ဆုံးရှုံးနေရဆဲဖြစ်ပါ သည်။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား အငြင်းပွားမှုများသည်လည်း ဒီမိုက ရေစီခေတ်တွင် ပိုမိုပေါ်ပေါက်လာခဲ့ပြီး အုပ်ချုပ်ရေးပိုင်းမှ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ပါ။ အထူးသဖြင့် အလုပ်သမားများဘက်မှ ပိုမိုနစ်နာနေခဲ့ရပါသည်။

          အလုပ်သမားများ၏လုပ်ခလစာသည်လည်း နိုင်ငံတကာစံနှုန်းနှင့် နိုင်းယှဉ်ပါက လွန်စွာပင် နည်းပါးလျှက်ပင် ရှိနေပါသည်။ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ အလုပ်ရှင် အလုပ်သမားပြဿနာများအား ဖြေရှင်းပြေလည်ရေးမှာ အလုပ်သမားဆိုင်ရာဥပဒေများ၊ ရင်းနှီးမြုတ်နှံမှုဆိုင်ရာဥပဒေများနှင့် မြေငှားခပါမကျန် အလုံးစုံသောပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မှုအပေါ်တွင် တည်မှီလျှက် ရှိနေပါသည်။ သို့ပါ၍ ဤခေတ်ပြောင်းစနစ်ပြောင်းကာလတွင် အလုပ်သမားများအရေးသည် အနာဂတ်စက်မှုကုန်ထုတ်လုပ်ငန်းကြီး တစ်ခုလုံးအတွက် အခြေခံဖြေရှင်းပေးရမည့် စိန်ခေါ် ချက်ကြီးအဖြစ် ရှိနေပါသည်။ သို့ပါ၍  ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုလျှက် ဤစိန်ခေါ်ချက်ကြီးများကို ထိုးဖောက်အောင်မြင်အောင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ဆောလျှင်စွာ ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုပါသည်။

          ယနေ့ လူထုမှရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရသစ်လက်ထက်တွင် အလုပ်သမားများ၏ အခြေအနေ ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ပေးရန်ကို အထူးမျှော်လင့်နေကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရသော  ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ပြန်လည်ထူထောင်ရေးတို့အတွက် အလွန်ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ပြင် မြန်မာ့စီးပွားရေးဦးမော့လာရေးသည်လည်း ကြီးမားသော စိန်ခေါ်ချက်ပင် ဖြစ်နေပါသည်။

          စီးပွားရေးဦးမော့လာရေးနှင့်အတူ မြန်မာနိုင်ငံအနေဖြင့် အောက်ပါအလုပ်သမားပြဿနာများကိုလည်း အတတ်နိုင် ဆုံး ပြေလည်အောင် ဖြေရှင်းပေးရပါလိမ့်မည်။ ဘွဲ့ရအလုပ်လက်မဲ့နှင့် လူငယ်အလုပ်လက်မဲ့များ ပြားနေခြင်း၊ အနိမ့်ဆုံးလုပ်ခ တစ်နေ့(၃၆၀၀ိ)နှင့်နောက်ဆက်တွဲပြဿနာများ၊ အချိန်ပိုလုပ်ခနှင့် အလုပ်ချိန်များပြားနေမှု၊ ၀န်ထမ်းလစာနှင့် နေထိုင်မှု စရိတ် ကြီးမြင့်နေမှုပြဿနာ၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုများတွင် ပြည်တွင်းအလုပ်သမားများ အလုပ်ရနိုင်မှုပြဿနာ၊ အလုပ်သမားများအနေဖြင့် ရှိသင့်သည့်စွမ်းရည်ရှိမှုပြဿနာ၊ ကလေးလုပ်သားများ ပြဿနာ၊ အလုပ်ရှင်များ ဥပဒေလိုက် နာမှုအားနည်းခြင်းပြဿနာ၊ အလုပ်ရှင်-အလုပ်သမား ပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မှုအားနည်းခြင်း၊ အလုပ်သမားအခွင့်အရေးပြဿနာ၊ လူမှုဖူလုံရေးဥပဒေနှင့် လုပ်သားများအကြုံးဝင်နိုင်ရေးပြဿနာ၊ ပြည်တွင်းရွေ့ပြောင်း လုပ်သားများ ပြဿနာ၊ နိုင်ငံတကာရောက်မြန်မာအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေးနှင့် အကူအညီပေး နိုင်ရေးပြဿနာ၊ ပြည်ပရောက် အလုပ်သမားများနှင့် လူကုန်ကူးခံရမှုအခြေအနေများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းစင် ရေးပြဿနာ၊ ပြည်တွင်းအိမ်ရှင်နှင့်အိမ်အကူပြဿနာနှင့် နိုင်ငံတကာရောက် အိမ်ဖော်ပြဿနာ၊ အလုပ်သမားဆန္ဒပြမှုနှင့် အလုပ်ထုတ်ခံရမှုပြဿနာ၊ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းနိုင်ရေး ပြဿနာတို့ ဖြစ်ပါသည်။


       ထို့ကြောင့် ဤ(၁၁၆)နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခါသမယတွင် မြန်မာနိုင်ငံ၏ အလုပ်သမား ပြဿ နာများကို နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာနများ၊ တာဝန်ရှိသူအဖွဲ့အစည်းများနှင့် အလုပ်ရှင်များမှ အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် အထူးတိုက်တွန်း တောင်းဆိုပါကြောင်း သဘော ထားကြေညာချက် ထုတ်ပြန်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment