Wednesday, April 27, 2016

NDFဗဟိုအမျိုးသမီးရေးရာလုပ်ငန်းကော်မတီနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစု

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၆/ ၂၀၁၆)

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဧပြီလ ( ၂၈) ရက်

 

         ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းကော်မတီနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၁။      အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းကော်မတီသည် ပါတီစတင် တည်ထောင်စဉ်ကပင် နိုင်ငံရေးလှုပ်ရှားမှုများတွင်  ပါတီ၏ရေးရာကော်မတီတစ်ခုအနေဖြင့် အဓိကစည်းရုံးရေး အင်အားစုတစ်ရပ် ဖြစ်ခဲ့သည်။ ယခုအခါ ပြောင်းလဲဖြစ်တည်လာသော နိုင်ငံရေးအခြေအနေများအရ ဗဟိုမှစ၍ အမျိုးသမီးရေးရာလုပ်ငန်းကော်မတီများကို တစ်နိုင်ငံလုံး အတိုင်းအတာသို့ တိုးချဲ့ဖွဲ့စည်းရန် အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ သို့ပါ၍ မကြာမီသောကာလ အတွင်း တိုင်းနှင့်ပြည်နယ်များကို ကိုယ်စားမည့် အမျိုးသမီးကိုယ်စားလှယ်များအား  ဖိတ်ကြား၍ NDF ဗဟိုအမျိုး သမီးရေးရာလုပ်ငန်းကော်မတီတစ်ရပ်ကို ဒီမိုကရေစီနည်းကျ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်သည်။

၂။      ထိုအစည်းအဝေးတွင် NDFဗဟိုအမျိုးသမီးရေးရာလုပ်ငန်းကော်မတီသည် ပြန်လည်တိုးချဲ့ဖွဲ့စည်း ရေး ကိစ္စအပြင်  အားလုံးဝိုင်းဝန်းဆွေးနွေးကြရန်အတွက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုင်ငံရေး၊ လူမှုရေး ခေါင်းစဉ်တစ်ရပ်ကို ချမှတ်ထားပါသည်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသည့် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကို ဆွေးနွေးပွဲခေါင်းစဉ်အဖြစ် သတ်မှတ်လျာ ထားပါသည်။

၃။      ဆွေးနွေးရန်ခေါင်းစဉ်ဖြစ်သည့် အဆိုပါဥပဒေကို မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ရေရှည်တည်တံ့ သက်ဝင်လှုပ်ရှားနေရန် အမှန်တကယ်အထောက်အပံ့ပြုနိုင်သည့် အချက်အလက်များရှာဖွေဆွေးနွေးရေးနှင့် မြန်မာဗုဒ္ဓဘာသာ မိန်းမများ အခွင့်အရေးသည်လည်း အခြားဘာသာများရှိ ထိမ်းမြားလက်ထပ်ခွင့်ဆိုင်ရာ စည်းမျဉ်းဥပဒေများကဲ့သို့ပင် လူ့အခွင့်အရေး ဖြစ်သည်ကို ထပ်ဟပ်၍ ထောက်ပြဆွေးနွေးကြရန် ဖြစ်ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment