Friday, April 29, 2016

NDFအမေရိကန်သံရုံးရှေ့ဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထားကြေညာချက် ကြေညာချက်အမှတ် ( ၅ /၂၀၁၆)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထားကြေညာချက်

ကြေညာချက်အမှတ် (  ၅ /၂၀၁၆)

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဧပြီလ(  ၂၉)ရက်

 

        အမေရိကန်သံရုံး၏ (၂၀-၄-၂၀၁၆)ရက်စွဲပါ ထုတ်ပြန်ကြေညာချက်တွင် ဘင်္ဂါလီများက " ရိုဟင်ဂျာ " ဟု ခေါ်ဝေါ်သုံးစွဲ့သည့်အပေါ် မကျေနပ်ကြ၍ ပြည်သူ့များ ဆန္ဒထုတ်ဖော်ပြသကန့်ကွက် နေကြပါသည်။ ထိုဆန္ဒ ပြခြင်းကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ကျွနုပ်တို့(NDF)ပါတီမှ ရှုမြင်ပါသည်။ ယင်းကိစ္စအပေါ် မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံအမတ်ကြီး၏ သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပြောကြားချက်တွင်  " ရိုဟင်ဂျာ " ဟု သုံးနှုန်းခြင်းမှာ သက်ဆိုင်ရာလူမျိုးများ၏ဆန္ဒအရ သုံးနှုန်းခြင်းသာဖြစ်ပြီး နိုင်ငံရေးအရ မဟုတ်ကြောင်း၊ ဤအ သုံးအနှုန်းနှင့် ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်သည်ဆိုသည်ကို မိမိတို့သိရှိနားလည်ကြောင်း၊ သို့သော် လူမျိုး တစ်မျိုးသည် ယင်းတို့၏ဆန္ဒအရ လူမျိုးအမည်ကို ခေါ်ဝေါ်နိုင်သည့် အခွင့်အရေး ရှိရမည်ဟု ထည့်သွင်းဖြေကြား သွားသည်ကို တွေ့ရှိရပါသည်။

         သို့ဖြစ်ရာ အဆိုပါအမေရိကန်သံအမတ်ကြီး၏ ရှင်းလင်းတုန့်ပြန်ချက်ကို ဆင်ခြင်ကြည့်ပါက-

(က)   နိုင်ငံတကာသံခင်းတမန်ခင်းတွင် နိုင်ငံကြီးငယ်မဟူ ခွဲခြားခြင်းမရှိဘဲ အပြန်အလှန် လေးစားရမည်ကို လက်ခံထားခြင်း၊

(ခ)     နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို အခြားတစ်နိုင်ငံက လေးစားလိုက်နာရမည်ဟု လက်ခံ ထားကြခြင်း၊

(ဂ)     မြန်မာတိုင်းရင်းသားလူမျိုးအမည်များထဲတွင် သတ်မှတ်ထားခြင်းမရှိသော  " ရိုဟင်ဂျာ " လူမျိုးအမည်

ကို မြန်မာနိုင်ငံနှင့် ဆက်စပ်သုံးစွဲထားခြင်းတို့ကို တွေ့ရပါသည်။

         အထက်ပါအချက်တို့ကို ထောက်ရှု၍ အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်သည် နိုင်ငံကြီးဟူသည့် အင်အားနောက်ခံဖြင့် နိုင်ငံငယ်တစ်ခု၏ အချုပ်အခြာအာဏာပိုင်ခွင့်အရ လက်ခံမထားသော အမည်ကို သိလျှက် နှင့် သုံးစွဲလိုက်ခြင်း၊ မြန်မာနိုင်ငံ ပြည်သူအများ လက်မခံသည့် ထိုအမည်ကို သုံးစွဲပြခြင်းဖြင့် မြန်မာပြည်သူများ ၏ ပိုင်ခွင့်ကို မလေးစားရာရောက်စေခြင်းအပြင် သံတမန်ဆိုင်ရာကျင့်ဝတ်ကို ကျော်လွန်ပြုမှုခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

         ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ အမေရိကန်သံရုံး၏ ထိုထုတ်ပြန်ကြေ ညာချက်နှင့် အမေရိကန်သံအမတ်ကြီး၏ ရှင်းလင်းပြောဆိုချက်တို့အပေါ် ကျွန်ုပ်တို့နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဖြစ်ပါသည်။ သို့ပါ၍ ထိုကြေညာချက်ကို  ကန့်ကွက်ရှုံချပါသည်။

         သို့ဖြစ်ရာ ပြည်သူအများ လက်မခံနိုင်ဘဲ ဆန့်ကျင်ကန့်ကွက်နေသော " ရိုဟင်ဂျာ " အသုံးအနှုန်းကို အမေရိကန်သံရုံးက သုံးစွဲနေခြင်းအား နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့သဘောထားရှိကြောင်း ပြည်သူသို့ အသိပေးထုတ်ပြန်ပေးပါရန် အလေးအနက် တောင်းဆိုလိုက်ပါသည်။

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment