မြန်မာ့အချုပ်အခြာအာဏာအပေါ် စွက်ဖက်မှုအခြေအနေနှင့်ပတ်သက်၍
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၄-၇-၂၀၁၈
ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်(Amnesty Internaitonal)အဖွဲ့သည် မြန်မာနိုင်ငံ အား ထိုးနှက်ရန် ပထမခြေလှမ်းအဖြစ် ဘင်္ဂါလီအကြမ်းဖက်တို့က ဟိန္ဒူလူမျိုးတစ်ရာခန့်ကို သတ်ဖြတ်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းမှာ နိုင်ငံတကာမှ တရားမျှတသည့်အဖွဲ့ဟု ထင်မြင်စေရန် နိုင်ငံရေးလက်ဦးမှု ယူ၍ အကွက်ရွေ့ခြင်းသာ ဖြစ်သည်။ ဒုတိယခြေလှမ်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် မြန်မာ့ထိပ် တန်းစစ်ဘက်အကြီးအကဲများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာပြစ်မှုခုံရုံး ICCသို့ တင်ရန် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ တဖန် ဇွန်လ(၂၇)ရက်နေ့၊ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် လူ့အခွင့် အရေးကောင်စီ ၃၈ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မစ္စယန်ဟီးလီက နိုင်ငံတကာ လူ့အခွင့်အရေးဥပ ဒေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုအတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကို နိုင်ငံတကာတရားရုံးICCတွင် စုံစမ်းစစ်ဆေးရန် အခိုင်အမာတောင်းဆိုသွားခဲ့ပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံအပေါ် အစီအစဉ်ရှိရှိ ကြိုတင်လက်ဝါးရိုက်၍ ဖိအားပေး အရေးယူစေရန်အတွက် ပူးပေါင်းကြံစည် နေကြကြောင်း ထင်ရှားနေပြီ ဖြစ်သည်။
ထို့ကြောင့် တစ်ဆက်တည်းတွင် အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အား ထိရောက်သောအရေးယူ မှုနှင့် အကူအညီများ ဖြတ်တောက်ရန် ဖိအားပေးနေကြပြီ ဖြစ်သည်။ ဥရောပသမဂ္ဂကလည်း စစ်ဘက်၊နယ် ဘက်ပုဂ္ဂိုလ်(၇)ဦးကို အရေးယူပိတ်ဆို့ခဲ့ပါသည်။ ရခိုင်ကိစ္စတွင် အစိုးရမပါ၊ တပ်ဖက်ကိုသာ ဒဏ်ခတ်ရန် ကြံ စည်မှုကြီးသည် အစိုးရနှင့်တပ်မတော်အကြား အစီအစဉ်ရှိရှိ သွေးခွဲလိုက်ခြင်းပင် ဖြစ်သည်။ ပြည်တွင်းရေး ကို နိုင်ငံတကာအရေးအဖြစ် ရောက်ရှိလာစေရန် ကိုဖီအာနန်အား ရွေးခဲ့သည့်အမှားကို မြန်မာပြည်သူတို့ ခံစားရပေတော့မည် ဖြစ်သည်။ ဤသို့ အချုပ်အခြာအာဏာအပေါ်စွက်ဖက်၍ ကာကွယ်ရေးမဏ္ဍိုင်ဖြစ် သည့် တပ်မတော်ဖြိုခွဲရေးကို မြန်မာတို့လက်ခံသင့်ပါ၏လောဟု မေးခွန်းထုတ်ရပေမည်။ အနောက်အုပ်စုနှင့် OIC ကြီးစိုးသည့် ကုလသမဂ္ဂဇာတ်ညွှန်းအတိုင်း ဘင်္ဂါလီအရေးကို အသုံးချပြီး အင်အားချိန်ခွင့်လျှာအသာစီးရရေး ပထ၀ီနိုင်ငံရေးကျားကွက် ရွေ့ခံနေရပြီဖြစ်သည်။ ထို့ကြောင့် ကာကွယ်ရေးမဏ္ဍိုင်ပြိုလဲရန် တပ်မတော်သွေးခွဲ ခံရပါက နိုင်ငံလုံခြုံရေးအတွက် အာမခံချက်ရှိတော့မည် မဟုတ်ပဲ အန္တရာယ်စက်ကွင်းအတွင်း ကျဆင်းပေ တော့မည်။
ဤအရေးကို အလျော့ပေးမျက်နှာချိုသွေးရုံဖြင့် တားဆီးနိုင်မည်မဟုတ်ပါ။ သို့ပါ၍ အကြမ်းဖက်ခံ ရသည့် ရခိုင်ပြည်နယ်အတွင်း တိုင်းပြည်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရသည့် စစ်ဖက် ဆိုင်ရာပုဂ္ဂိုလ်တို့သာမက အရပ်ဖက်ခေါင်းဆောင် မည်သူတစ်စုံတစ်ယောက်ကိုမျှ နိုင်ငံတကာတရားရုံးတွင် အစစ်အဆေးခံရမည့်အဖြစ်ကို ပြည်သူအားလုံးတို့က တားဆီးကာကွယ်ကြရပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီသည် အမျိုးသားအကျိုးစီးပွား ထိပါးလာမှုဖြစ်သည့် နိုင်ငံ တကာတရားရုံး ICCက မြန်မာ့အချုပ်အခြာအာဏာအပေါ် စွက်ဖက်လာနိုင်မှုကို ပြင်းထန်စွာကန့်ကွက် ကြောင်း ပြည်သူသို့ အသိပေးထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အာားစုပါတီ
No comments:
Post a Comment