အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ၏
သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၃-၇-၂၀၁၈
၂၀၁၈ခု၊ ဇူလိုင်လ၂၀ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက(မဟန) အဖွဲ့က ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ကြားသိခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာနာယ က( မဟန) အဖွဲ့သည် ဗုဒ္ဓသာသနာသန့်ရှင်းတည်တံ့ပြန့်ပွားရေးကို သာသနာအတွင်းစည်းမှ ဆောင်ရွက်နေပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ဗုဒ္ဓသာသနာအား ထိပါးလာမည့်အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ရဟန်းရှင်လူပြည်သူအများက စုပေါင်းကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရှိရပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာ၏ ဂုဏ်ရောင် ညိုးနွမ်းစေရန်နှင့် ရဟန်းတော်များအား ဘက်ပေါင်းစုံမှပုတ်ခတ်ရေးသားမှုများကို တွေ့မြင်နေရသကဲ့သို့ အလားတူ အခြားလူမျိုး၊ဘာသာများအပေါ်တွင်လည်း ပုတ်ခတ်ဝေဖန်မှုများ ရှိနေကြ ပါသည်။
ခေတ်သစ်ကမ္ဘာကြီးတွင် အမျိုးသားနိုင်ငံတော်များသည် ၄င်းတို့၏အမျိုးသားအရေးကို ဦးတည် ၍သာ နိုင်ငံများကို တည်ဆောက်လျှက်ရှိပါသည်။ ခြံစည်းရိုးမဲ့ နိုင်ငံတကာလူ့အခွင့်အရေးဖြင့် နိုင်ငံတည်ဆောက်၍ မရကြောင်း နိုင်ငံကြီးများက နမူနာပြလျှက် ရှိပါသည်။
မြန်မာ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာနှင့် အမျိုးသားရေးလက္ခဏာတို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ လျော့ကျမှေးမှိန် ဂုဏ်သိန်ကွယ်ပျောက် မထွန်းတောက်တော့ပါက အမျိုးသားရေးပါ ကွယ်ပျောက်သွားနိုင်ပါသည်။ မြန်မာတို့သည် ထီးကျိုးစည်ပေါက်ကျွန်သဘောက်ဘ၀ ရောက်ခဲ့ဘူးပြီး ဖြစ်သည်။ ဘာသာယွင်းဖောက် အမျိုးသားရေး ငါးပါးမှောက်ပါက နိုင်ငံနှင့်လူမျိုးပါ ပျောက်နိုင်သည့် အန္တရာယ်ကို သတိချပ်စေလိုပါသည်။ သို့ပါ၍ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲပေါ်ပေါက်လာနိုင်သည့် လူမှုရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို လွန်စွာစိုးရိမ်ပူပန်မိပါသည်။
ထို့ကြောင့် အနာဂတ်အတွက် ကြိုတင်တွေးဆပြီး နိုင်ငံ့အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားတို့ကို ဦးတည်၍ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြပါရန် ကျွနု်ပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment