Monday, May 21, 2018

NDF အထူးသတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစု

အထူးသတင်းထုတ်ပြန်ချက်

ရက်စွဲ။ ။  မေလ (၂၂)ရက်၊ ၂၀၁၈

 

အမျိုးသားဒီမိုကရေစီအင်အားစု (NDF ခမောက် ပါတီ) နှင့်  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက်

အမျိုးသားလုံခြုံရေးလူမှု့ကွန်ယက်(ဗဟို)တို့သည် ၂၀၁၈ခု၊မေလ (၁၇)ရက်နေ့တွင် မိတ်ဖက်အဖွဲ့အစည်း နှစ်ရပ် အဖြစ် ရပ်တည်သွားရန် ဆွေးနွေးသဘောတူခဲ့ကြပါသည်။ ထို့နောက် NDFပါတီသည် ဒေသခံ တိုင်းရင်းသားများ နှင့် ပါတီသဘောထား၊ ရှေ့လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်များကို အပြန်အလှန် ချပြဆွေးနွေး၍ အမျိုးသားနိုင်ငံရေး ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ထို့ကြောင့်-

၁။     တောင်ပိုင်းရှမ်းပြည်နယ်ရှိ အမျိုးသားနိုင်ငံရေးအပေါ် အခိုင်အမာရပ်တည်ကြသည့် ပအိုဝ့်၊ ထနော၊ ရှမ်း၊ ကယားနှင့် ဗမာတိုင်းရင်းသားလူမျိုးများသည် NDFပါတီ၏" အမျိုးသားအကျိုး စီးပွားကို ဦးထိပ်ထားမည်" ဟူသည့် ခံယူချက်ကို အလေးအနက်ထောက်ခံခဲ့ပြီး NDFပါတီဝင် များ အဖြစ် ယုံကြည်စွာ ၀င်ရောက်ခဲ့ကြသည်။

၂။     ဤသို့ NDF ပါတီသို့ ၀င်ရောက်ကြပြီဖြစ်၍ အောင်ပန်း၊ ညောင်ရွှေနှင့် တောင်ကြီးမြို့များတွင် ၂၀၁၈၊ ဇွန်လဆန်းမှစ၍ ပါတီရုံးများ ဖွင့်လှစ်သွားမည့်အပြင် ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်ရာ တောင်ပိုင်းရှမ်းပြည်နယ်တွင် ခမောက်ပါတီNDFရုံးများ ရှေ့ဆက်ဖွင့်လှစ်နိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။

၃။     ခမောက်ပါတီ NDFမြို့နယ်ရုံး (၁၀) ရုံးထက်မနည်း ဖွင့်ပြီးပါက ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ NDF မြို့နယ်ရုံးများနှင့် ပူးတွဲ၍ NDFပါတီ၊ ရှမ်းပြည်နယ်စည်းရုံးရေးကော်မတီရုံးကို တောင်ကြီးမြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

     ဗဟိုအလုပ်မှု့ဆောင် ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ

 

 


No comments:

Post a Comment