Thursday, May 3, 2018

NDF PARTY ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံအပေါ် ပြောဆိုချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထားထုတ်ပြန်ချက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံအပေါ် ပြောဆိုချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၃-၅-၂၀၁၈

        နိုင်ငံတော်၏အတိုင်ပင်ခံရုံး၏(၂-၅-၂၀၁၈)ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် အချိန်ကျပြီဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ထိုသို့ ပါရှိ သော သဘောထားအတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို လာရောက် ရေး လက်ခံခဲ့ပါသည်။ ထိုကိုယ်စားလှယ်များသည် မြန်မာနိုင်ငံခရီးစဉ်တွင် ပထမဦးဆုံး ဘင်္ဂလားဒေရှ့်ဒုက္ခ သည်စခန်းသို့ ဦးစွာသွားရောက်ခဲ့သည်။ ဤသည်မှာ အခင်းဖြစ်ပွားရာ ရခိုင်ဒေသအတွင်း ဖြစ်ပျက်မှုများကို သိလိုခြင်းထက် ဘင်္ဂါလီဒုက္ခသည်များအပြန်ခရီးအတွက်  ပိုမိုကြောင့်ကြ၀ါယမစိုက်သည်ကို ပြသခဲ့ပါသည်။  ထို့အပြင် ရခိုင်အရေး ထိတွေ့ကိုင်တွယ်သူဝန်ကြီးများ၏ ရှင်းလင်းပြောကြားချက်များကို အလေးမမှုဘဲ ရှင်းလင်းပွဲမှ ထွက်ခွာရန် ပြုကြောင်းကိုလည်း သိရပါသည်။ ထို့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စား လှယ်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာဘက် မှလုပ် ဆောင်ချက်များကို အကောင်းမမြင်သည့်အပြင် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူရန်အတွက် ICG သို့မဟုတ် မြန်မာအစိုးရအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးပေးရန်ဟူ၍ လမ်းနှစ်သွယ်ကို ထုတ်ဖော်ပြောကြား ကြောင်း သတင်းများအရသိရပါသည်။

        ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသား များ သတ်ဖြတ်ခံရမှု၊ မီးရှို့ခံရမှုနှင့် နေရပ်များမှ ထွက်ပြေးခဲ့ရမှုများကို လုံးဝအလေးမထားပဲ ထိုကိစ္စရပ်များကို ကျူးလွန်ပြီးထွက်ပြေးခဲ့ကြသော ဘင်္ဂါလီများအရေးကိုသာ တစ်ဖက်သတ် ဦးစားပေးပြောဆိုလုပ်ကိုင်နေပါ သည်။ထိုသို့ သံတမန်ဆိုင်ရာပြုမှုလိုက်နာဆောင်ရွက်ရမည့်ဘောင်ကိုကျော်၍ မြန်မာအာဏာပိုင်များကို လေးစားမှုမပြဘဲ ယင်းသို့ပြုမှုခြင်းသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာပိုင်မှုကိုပါ လေးစားစရာမလိုဟု သဘောသက်ရောက်နေသည်။

        မြန်မာနိုင်ငံသည် ဤဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍၊        မြန်မာ-ဘင်္ဂါလားဒေရှ့် ၂နိုင်ငံဆက်ဆံရေးအပေါ် အလေးထားဆောင်ရွက်နေခြင်းနှင့် နေရပ်စွန့်ခွာခဲ့သူများအပေါ် လူသားခြင်းစာနာ ထောက်ထားမှုများ ပြည့်စုံစွာရရှိစေရန် ဆောင်ရွက်နေခြင်း၊ အစိုးရနှင့်လုံခြုံရေးတာဝန်ယူရသော တပ်မတော် ဆိုင်ရာအပိုင်းတို့တွင် စည်းမျဉ်းစည်းကမ်းများအရ လိုက်ပါဆောင်ရွက်ပေးနေခြင်း၊ နိုင်ငံတကာအခြေအနေ မှန်များကို မှန်ကန်စွာသိရှိစေရန် သည်းခံစိတ်ရှည်စွာ အချိန်ယူဆောင်ရွက်နေခြင်းနှင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံ၏ ဂုဏ်သိက္ခာကျင့်ဝတ်များကို စောင့်ထိန်းဆောင်ရွက်နေခြင်းများကို ကမ္ဘာက သိရှိစေရန် ကြိုးပမ်းလျှက် ရှိသေည့်တိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ ပြုမှုလုပ်ဆောင်ချက်များသည် နိုင်ငံငယ် တစ်ခုအပေါ် သံတမန်လုပ်ပိုင်ခွင်ကိုတလွဲသုံး၍ မထေမဲ့မြင်ပြုခြင်း ဖြစ်သည်ဟု မြန်မာပြည်သူအများ ခံစားကြရပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီသည် မြန်မာ့အချုပ်အခြာအာဏာပိုင် စိုးမှုကို မထီလေးစားပြုရာရောက်ခြင်းနှင့် မြန်မာပြည်သူတို့၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဂုဏ်သိက္ခာတို့ကို ညှိုးနွမ်းစေသည့် ယင်းကိုယ်စားလှယ်အဖွဲ့၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

 

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment