Sunday, February 5, 2017

NDF PRESS 4-2017 NDFလှိုင်သာယာမြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၄/၂၀၁၇)

ရက်စွဲ။ `       ၅-၂-၂၀၁၇

 

NDFလှိုင်သာယာမြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ လှိုင်သာယာမြို့နယ်ရုံးဖွင့်လှစ်ပွဲကို ၅-၂-၂၀၁၇ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် အမှတ် ၉၊ အနော်ရထာလမ်းမကြီး၊ ရွှေကမ်းသားအိမ်ယာ၊ အပြင်ပဒါန်ရပ်၊ လှိုင်သာယာမြို့နယ် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဖွင့်ပွဲသို့ ပါတီဥက္ကဌ (၂)ဒေါက်တာဝင်းနိုင်နှင့်  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီနာယက ဦးတိုးပို နှင့် နာယကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးခိုင်မောင်ရည်နှင့် ရန်ကုန်တိုင်းစည်းရုံး ရေးကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၀၀)ကျော်တက်ရောက်ခဲ့ကြသည်။

         ပါတီဒုခေါင်းဆောင် ဦးတိုးပိုမှ NDFပါတီအကြောင်း၊ ပါတီဆောင်ရွက်ချက်များနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရသည့်အကြောင်းများကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဥက္ကဌ ဦးခိုင်မောင်ရည်မှ လှိုင်သာယာမြို့နယ်နှင့် ပတ်သက်၍ ယခင်ကဆောင်ရွက်ထားချက်များကို ပြောကြားခဲ့သည်။ ထို့နောက် လှိုင်သာယာမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီဒုဥက္ကဌ(၂) ဦးသက်ထွန်း မောင်မှ လက်ရှိနိုင်ငံရေးအခြအနေများနှင့် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပါတီခေါင်းဆောင်များ၊ လှိုင်သာယာမြို့နယ် စည်ရုံးရေးကော်မတီဝင်များနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုနောက် ရန်ကုန်ုတိုင်းစည်းရုံးရေးကော်မတီ ဒုဥက္ကဌ(၁) ဦးလှခိုင်မှ အလှူငွေပေးအပ်ခဲပြီး အခမ်းအနားကို နေ့လည် ၁း၀၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment