အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဋ္ဌာန်းချက်နှင့်
ICCPRကို လက်မှတ်ထိုးရေးကိစ္စနှင့်ပတ်သက်၍ သဘောထားကြေညာချက်
ရက်စွဲ။ ၂၈-၆-၂၀၁၉
၁။ ၂၁-၅-၂၀၁၉ရက်နေ့တွင် NLDအိမ်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ICCPR (Intern- ational Covenant on Civil and Political Right) လူ့အခွင့်အရေးနှင့်နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် ကို လက်မှတ်ထိုးရန်အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်ကို တွေ့ရပါသည်။
၂။ ယင်းပဋိညာဉ်ကို ယခုပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သော "ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာဥပဒေ" နှင့် ဆက်စပ်လေ့လာကြည့်သောအခါ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအကာအကွယ် တံတိုင်းကို ရိုက်ချိုး၍ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာပါအတိုင်း လိုက်နာ၍ အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရပါသည်။
၃။ ICCPR ပဋိညာဉ် ပုဒ်မ -၂၄တွင် ကလေးသူငယ်တစ်ယောက်သည် တိုင်းပြည်မဲ့ဖြစ်နေသဖြင့် လူ့အဖွဲ့ အစည်းနှင့်နိုင်ငံများက ယင်းကလေးအား အကာအကွယ်ပေးမှု မလျော့နည်းစေရန်အတွက် ရည်ရွယ်သည် ဟူ၍လည်းကောင်း၊ သို့သော် နိုင်ငံ၏နယ်နမိတ်ပိုင်နက်အတွင်း မွေးဖွားသည့်ကလေးမှန်သမျှကို ကိုယ့်နိုင်ငံ သားအဖြစ်ရရှိရေး မဖြစ်မနေခွင့်ပြုပေးရန် နိုင်ငံများ၊ အစိုးရများတွင် တာဝန်မရှိပါဟုလည်းကောင်း ဆိုလို ထားကြောင်း တွေ့ရပါသည်။
၎။ ထိုပဋိညာဉ်ပြဋ္ဌာန်းချက်တွင် ကလေးများကို မိမိနိုင်ငံပိုင်နက်အတွင်း မွေးစားရုံမျှနှင့် နိုင်ငံသားဖြစ်ရန် တာဝန်မရှိဟု ဆိုသော်လည်း ပဋိညာဉ်ထဲမှာပင် ကလေးများသည် သူတို့မွေးဖွားသည့်အချိန်တွင် နိုင်ငံသား အဖြစ်ရရှိရန် မည်သည့်ဥပဒေအရဖြစ်ဖြစ် ခွဲခြားမှုမရှိစေဘဲ ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပြန်ပါသည်။
၅။ နိုင်ငံသားအခွင့်အရေးအတွက် စိုးရိမ်ဖွယ်ဖြစ်ရသည်မှာ ဤုကလေးသူငယ်ဥပဒေပါ ပုဒ်မ-၁၁၅တွင် တည်ဆဲဥပဒေများတွင် မည်သို့ပင်ရှိစေကာမှု ဤဥပဒေအရသာ အရေးယူဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား ခြင်းသည် ICCPR၏ ပုဒ်မ-၂၄ပါ မွေးစားကလေးများ၏နိုင်ငံသားဖြစ်ခွင့်ရှိစေရမည်ဟူသည့် ပြဋ္ဌာန်းချက်ကို တိုက်ရိုက်အထောက်အကူပြုလိုက်သည့်အတွက် အနာဂတ်မျိုးဆက်များနှင့် အနာဂတ်နိုင်ငံတော်အတွက် လွန်စွာစိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်နေပြီ ဖြစ်ပါသည်။
၆။ ထို့ကြောင့် ဤICCPRပဋိညာဉ်အား မြန်မာအမျိုသားအားလုံး၏ အကျိုးစီးပွားကိုရှေ့ရှု၍ လုံးဝပါဝင် လက်မှတ်မရေးထိုးရန် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက အလေးအနက် တောင်းဆို လိုက်ပါသည်။ ထိုပဋိညာဉ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားနိုင်ငံသားများ၏ မွေးရာပါရပိုင်ခွင့်ကြီးကို အစီအစဉ်ရှိရှိ ချိုးဖျက်ရာရောက်မည်ဖြစ်၍ မြန်မာတစ်မျိုးလုံးအား သစ္စာဖောက်ရာ မရောက်စေရန် လူ့အခွင့်အရေးကို ဦးစားပေးထားသော ဤICCPR လက်မှတ်ရေးထိုးမည့် အရေးကို ပြင်း ထန်စွာကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment