Monday, October 2, 2017

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဘင်္ဂါလီဒုက္ခသည်ဆိုသူများကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ဘင်္ဂါလီဒုက္ခသည်ဆိုသူများကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍

သဘောထားကြေညာချက်

ရက်စွဲ။ ၂-၁၀-၂၀၁၇

        ရခိုင်ပြည်နယ်၊ မောင်တောဒေသအကြမ်းဖက်မှုဖြစ်ပြီးနောက် ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ ထွက်ပြေး တိမ်းရှောင်ကြသည့် ဘင်္ဂါလီများကို ၁၉၉၃ခုနှစ်၊ နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာနိုင်ငံအနေနှင့် ပြန် လည်ခေါ်ယူမည်ဟု သိရှိရပါသည်။ ယခုကိစ္စ၌ ထွက်ပြေးသူများဟူ၍ သာမန်စဉ်းစား၍ မရပါ။ အဆိုပါထွက် ပြေးသူများထဲတွင် အကြမ်းဖက်မှုကျူးလွန်ခဲ့ပြီး ယင်းပြစ်မှုမှ တိမ်းရှောင်နေသူများ ပါဝင်နိုင်ပါသည်။ ထို့ကြောင့် ထို၁၉၉၃သဘောတူညီမှုအတွက် အချက်လေးချက်ထဲတွင် အကြမ်းဖက်မှုကျူးလွန်ခဲ့သူ ဟုတ်မ ဟုတ် စိစစ်ရေး ကို ထည့်သွင်းသင့်ပါသည်။ အကြမ်းဖက်ခဲ့သူများဖြစ်ပါက အကြမ်းဖက်မှုဥပေဒပါအတိုင်း နိုင်ငံသားဖြစ်ခွင့်မှ ရပ်စဲရန် လိုအပ်ပါလိမ့်မည်။

        ထို့အပြင် ယခင်က ကာရံထားခဲ့သည့် နယ်ခြားခြံစည်းရိုးမှာ ကျော်နင်းဝင်ရောက်ရန် လွယ်ကူ၍ လုံခြုံမှု၏လုံးဝ မရှိကြောင်း တွေ့ရပါသည်။  ယခင်ကာရံပြီးနယ်ခြားခြံစည်းရိုးထက် ပိုမိုလုံခြုံစေသည့်တိုင် နယ်ခြားစောင့်တပ်ဖွဲ့ ကင်းမျှော်စင်(Outpost)များကို အခြားသောနိုင်ငံများ၏ ဥပမာအတိုင်း ထားရှိသင့်ပါ သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားကိုဖြတ်၍  နောက်ထပ်အကြမ်းဖက်မှုများကို ပြုလုပ်ကာ လူဦးရေတိုးရေး လုပ်မည့်နည်းလမ်းမျိုး ထပ်မံမဖြစ်ပွားတော့ပါဟူ၍ အာမခံချက် လုံးဝမရှိပါ။ သို့ပါ၍ နိုင်ငံတော်အစိုးရသို့ အောက်ပါအတိုင်း အကြံပြုတိုက်တွန်းအပ်ပါသည်။

၁။     နေ့စဉ်ထွက်ပြေးသူဦးရေတိုး၍ ပြနေသော ကုလသမဂ္ဂအပါအ၀င် ပြည်ပနိုင်ငံအဖွဲ့အစည်းများ၏ ဘင်္ဂါလီစာရင်းဦးရေကို ထည့်သွင်းမစဉ်းစားပဲ နိုင်ငံတော်က စာရင်းပြုစုထားရှိသည့် ရခိုင်မြောက်ပိုင်းဒေသရှိ မူလဘင်္ဂါလီဦးရေအတိုင်းသာ စဉ်းစားရန်၊

၂။     ထွက်ပြေးသူများထဲမှ ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားလာသည့်ကလေးများကိုလည်း ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားပြုခွင့် စိစစ်ခွင့်ပြုရန်၊

၃။     နယ်စပ်ခြံစည်းရိုးကို အိမ်နီးနားချင်းနိုင်ငံများရှိ စည်းရိုးကို နမူနာယူ၍ အခိုင်အလုံတည်ဆောက်ရန်၊

၎။     နိုင်ငံသားဖြစ်မည့်သူ၊ နိုင်ငံသားပြုခွင့်ရသူနှင့် ဧည့်နိုင်ငံသား စသည်တို့ကို ၁၉၈၂ခုနှစ် နိုင်ငံသားဥပ ဒေအတိုင်း စိစစ်လက်ခံပေးရန်၊

၅။     နယ်ခြားစည်းရိုးအခိုင်အလုံကာရံပြီးပါက တရားမ၀င်ကျူးကျော်ဝင်ရောက်နေသူများကို အိန္ဒိယနယ် ခြားစောင့်တပ်များကဲ့သို့ (Right  to shoot) တရားဝင်ပစ်ခတ်တားဆီးခွင့်ရစေရန် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်တို့ကို ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ မှ တိုက်တွန်းတောင်းဆိုအပ်ပါသည်။

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment