Friday, August 25, 2017

NDF ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ၂၅-၈-၂၀၁၇

 

        နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာန ချုပ်တို့အားအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက တစ်ပြိုင်နက်ဝင်ရောက်၍ အကြမ်းဖက် တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုတိုက်ခိုက်မှုများအတွင်း နိုင်ငံတာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်း၊ တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နိုင်ငံအတွက် အသက်စွန့်လွတ်ခဲ့ကြရပြီး အချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသဖြင့်  မျိုးသားဒီမိုကရေစီအင်အားစုNDFပါတီအနေဖြင့် အထူးဝမ်းနည်း ရပါသည်။

        ဤအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များသည် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာထုတ်ပြန်ပြီးသည့်အချိန်နှင့်လည်းကောင်း၊ ၂၀၁၇ခုနှစ်၊ စက်တ င်္ဘာလ ၁၂ရက်မှ ၂၅ရက်နေ့အထိ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်တို့နှင့်လည်း ကောင်း  အချိန်ကိုက် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီး၍ နိုင်ငံရေးအရ တိုက်ကွက်များ ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့ပါ၍ ယခုအခြေအနေများသည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် မြန်မာနိုင်ငံလုံခြုံရေးအတွက် အထူးစိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ ကို  ထိရောက်စွာနိမ်နင်းပြီး ဒေသခံတိုင်းရင်းသားလူမျိုးများအားလုံးအတွက် လုံခြုံရေးအစီအမံများကို အထူး စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီအနေဖြင့် အလေးအနက် တိုက်တွန်း အပ်ပါသည်။

 

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

 

No comments:

Post a Comment