Friday, August 4, 2017

ရခိုင်ပြည်နယ်၊မောင်တောဒေသရှိ ဒေသခံမြိုတိုင်းရင်းသားများ အကြမ်းဖက်သတ်ဖြတ်ခံရမှု၊အတင်းအဓမ္မဖမ်းဆီးခံရမှုများနှင့်ပတ်သက်၍ ၀မ်းနည်းကြောင်း သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်

ရက်စွဲ။  ၄-၈-၂၀၁၇

ရခိုင်ပြည်နယ်၊မောင်တောဒေသရှိ ဒေသခံမြိုတိုင်းရင်းသားများ

အကြမ်းဖက်သတ်ဖြတ်ခံရမှု၊အတင်းအဓမ္မဖမ်းဆီးခံရမှုများနှင့်ပတ်သက်၍ ၀မ်းနည်းကြောင်း သတင်းထုတ်ပြန်ချက်

          ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ဘက်၊မေယုတောင်တန်းရှိ၊ ကိုင်းကြီးကျေးရွာတွင် နေထိုင်ကြသော ဒေသခံမြိုတိုင်းရင်းသားခြောက်ဦးသည် အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံး ခဲ့ကြရပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း (၃-၈-၂၀၁၇)ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ချက်အရ သိရှိရပါသည်။

        ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့်  ၀မ်းနည်းကြေကွဲရသကဲ့ သို့ ဒေသခံတိုင်းရင်းသားများ ဆက်လက်အကြမ်းဖက်သတ်ဖြတ်ခံနေရခြင်းသည် အမျိုးသားလုံခြုံရေး ရှုထောင့်မှကြည့်လျှင် လွန်စွာစိုးရိမ်မကင်း ဖြစ်ရပါသည်။

        ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတည်ငြိမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်  ဒေသခံများ ထိတ်လန့်စိုးရိမ်စွာနေထိုင်နေရခြင်းအဖြစ်မျိုးများမှ ကင်းဝေးစေရန်အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်နေသကဲ့သို့  အကြမ်းဖက်ကျူးလွန်သတ်ဖြတ်နေသူများကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်ကိုလည်း  အထူးတိုက်တွန်းတောင်းဆိုပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

    သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment