Tuesday, July 4, 2017

NDF PARTY ၏ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ၅-၇-၂၀၁၇

(၁-၇-၂၀၁၇)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ် မြောက်ပိုင်းလုံခြုံရေးအခြေအနေထုတ်ပြန်ချက် နောက်ဆက်တွဲတွင် ပါဝင်သော-

-      " ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာတွင် တင်ပြထားသည့်အကြံပြုချက်များနှင့်အညီ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည် " ဆိုသည့် ဆောင်ရွက်ချက်ပေါ်တွင် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ပါကြောင်း၊

-      မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို NDFပါတီ အပါအ၀င် နိုင်ငံရေးပါတီများ၊ ရခိုင်ပြည်နယ်လွှတ်တော်၊ရခိုင်တိုင်းရင်းသားများနှင့် ပြည်သူများကလည်းကန့်ကွက် ခဲ့ပြီး ဖြစ်သည်။

-      ရခိုင်ပြည်နယ်မြောက်ပိုင်းလုံခြုံရေးအခြေအနေသည် အမျိုးသားလုံခြုံရေးနှင့်လုံးဝသက်ဆိုင်နေပြီး ယခု အခါ အမျိုးသားလုံခြုံရေး၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။ အကြောင်းမှာ ပြည်သူများ၏ လုံခြုံရေးအတွင်းစည်းဖြစ်သော ဧည့်စာရင်းကို ပယ်ဖျက်၍ ပုဂ္ဂိုလ်တစ်ဦးခြင်းလွတ်လပ်မှု ဥပဒေကို ပြဋ္ဌာန်းခြင်းသည် အတွင်းလုံခြုံရေးစည်းကို အားနည်းစေပါသည်။ အကျိုးဆက်အဖြစ် အနောက်တံခါးမှ နည်းမျိုးစုံဖြင့် တရားမ၀င် ခိုးဝင်နေမှုများကို ယင်းသို့ ၀င်ရောက်နိုင်ရန်အတွက် တစ်ဖက်လှည့်သဘော၊ အားပေးရာ ရောက်နေပြီ ဖြစ်ပါသည်။

-       ယခုအခါ UNHCR၏ အချက်အလက်ရှာဖွေရေးအဖွဲ့(Fact   Finding Mission)သည် နိုင်ငံ၏အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို စွက်ဖက်နေပြီးလျှင် R to P လမ်းကြောင်းပေါ် ဦးတည်နေသလိုကိုဖီအာနန် ၏ အစီရင်ခံစာတင်ပြချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် အနောက်တံခါးကိုဖွင့်၍ ၀င်ရောက် စွက် ဖက်မှုကို နှပ်ကြောင်းပေးရာလည်း ရောက်နေပါသည်။

-      သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးသည် တိုင်းတစ်ပါးအကြံပြုချက်လက်တွင်းတွင် မရှိသင့်ပါ။ မြန်မာ့အရေးသည် မြန်မာများနှင့်သာ သက်ဆိုင်ပါသည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အရေးအကြံပြုချက် ကို လက်ခံစဉ်းစားမည်ဆိုပါက ဒုသမ္မတဦးမြင့်ဆွေဦးဆောင်သောအဖွဲ့၏ အကြံပြုချက်အစီရင်ခံစာအ ပေါ်ကိုသာ အတည်ပြုရပါမည်။ သို့မှသာ ကျွန်ုပ်တို့၏အချုပ်အခြာအာဏာသည် မြန်မာပြည်သူများ၏ လက်ဝယ်တွင် ရှိမည်ဖြစ်သည်။

-      နိုင်ငံသားအဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သူ၊ နိုင်ငံသားများ ဟုတ် မဟုတ် စသဖြင့်  ပြည်သူ့အင်အားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၁၉၈၂မြန်မာနိုင်ငံသား ဥပ ဒေနှင့် အခြားတည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ စိစစ်သတ်မှတ်ရပါမည်။

-      ထို့အတူပင် အကြမ်းဖက်မှုများကို ကာကွယ်နှိမ်နင်းရာတွင်လည်း အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်း များစွာသတ်ဖြတ်ခံနေရမှု၊ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ စည်းစိမ်အိုးအိမ်များဖျက်စီးခံနေရမှု၊ အကြမ်း ဖက်လုပ်ငန်းများအတွက် လက်နက်နှင့်ငွေကြေးထောက်ပံ့မှုများ၊ အကြမ်းဖက်သင်တန်းပေး လေ့ကျင့် မှုများကို" အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ " အရသာ သက်ဆိုင်ရာက ဆောင်ရွက်ရမည် ဖြစ် သည်။

-      ဖော်ပြပါအချက်များနှင့် ညီညွတ်မှုမရှိသော၊အမျိုးသားလုံခြုံရေးကိုထိခိုက်စေသော၊" ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် တင်ပြထားသည့် အကြံပြုချက်များနှင့်အညီ ဆောင် ရွက် ခဲ့ခြင်းဖြစ်သည် "ဆိုသည့် ထုတ်ပြန်ဆောင်ရွက်ချက်အပေါ် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment