Thursday, August 25, 2016

NDF ပါတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့စည်းခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့စည်းခြင်းအပေါ်

သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၅-၈-၂၀၁၆

.

         ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်း သတင်းထုတ်ပြန်ချက်မှ ဆောင်ရွက်မည့်အစီအစဉ်များကို သိရှိရပါသည်။ အဆိုပါ ပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများနှင့် ပဋိပက္ခများအား ကြိုတင်ကာကွယ်ရေးအတွက် လေ့လာအဖြေရှာမည့် လုပ်ငန်းများမှာ လက်ခံနိုင်ဖွယ် ဖြစ်ပါသည်။ သို့သော် ယင်းသတင်းထုတ်ပြန်ချက်တွင်ပင် ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာအပါအ၀င် နိုင်ငံ တကာဆက်သွယ်မှုတို့ကိုလည်း လေ့လာသုံးသပ်သွားမည်ဟု ဖော်ပြပါရှိပါသည်။

         ဤအချက်ကိုကြည့်ပါက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်များ၏ လားရာဇစ်မြစ်ကို ဖော်ထုတ်အဖြေရှာ မည်ဟု သဘောရပါသည်။ ဤမျှအရေးကြီးသည့်ကိစ္စအား ဖော်ထုတ်အဖြေရှာမည့်ကော်မရှင်သည် မြန်မာနိုင်ငံ အကြောင်း ထဲထဲဝင်ဝင်မသိရှိကြသည့်နိုင်ငံခြားသား ဦးဆောင်မည့် ကော်မရှင်ဖြစ်နေပေသည်။ သို့ဖြစ်ရာ မြန်မာ့ အကျိုးစီးပွားထက် နိုင်ငံတကာလူ့အခွင့်အရေးရှုဒေါင့်ဘက်တွင်ပို၍ အလေးသာနေမည်ဖြစ်သည်ကို များစွာကြောင့် ကြမိပါသည်။ ကုလသမဂ္ဂနှင့်ပတ်သက်၍လည်းကောင်း၊ လူ့အခွင့်အရေးသာ အဓိကထားသူများသည် လည်းကောင်း  မြန်မာ့အမျိုး သားအကျိုးစီးပွားဘက်က ရပ်တည်ကြမည်လော? ။ သို့မဟုတ် လူ့အခွင့်အရေး ဘက်က ရပ်တည်ကြမည်လော ? ဟု ဒွိဟသံသယပွားစရာ ဖြစ်ရပါသည်။ နိုင်ငံရေးသဘာဝကို မကွယ်မ၀ှက် ကြည့်ပါလျှင် နိုင်ငံတိုင်းသည် အမျိုးသားအကျိုးစီးပွားအထိုင်ပေါ်တွင် ရပ်တည်ကြရစမြဲ ဖြစ်ပါသည်။ ထို့ကြောင့် ကျွနုပ်တို့ အချုပ်အခြာအာဏာပိုင် နိုင်ငံငယ်များသည် လူ့အခွင့်အရေးထက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ် ထားရမည်သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီသည် ဤကော်မရှင်၏ လေ့လာသုံးသပ် အကြံပြုချက်များ ပေါ်ထွက်လာပါက အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားတို့ကို ထိခိုက်မှုမရှိစေရန် နိုင်ငံရေးသတိကြီးစွာထား၍ အချုပ်အခြာအာဏာပိုင်ရှင် ပြည်သူအများက စောင့်ကြည့်ကာကွယ်နိုင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment