အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၆)
ရက်စွဲ။ ၇-၃-၂၀၁၅
NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး ကျင်းပ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊အထူးအစည်းအဝေးကို ၇-၂-၂၀၁၆ ရက်နေ့ နေ့လည်(၁း၀၀)နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပါတီဌာနချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ ပါတီအတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးသက်ထွန်းမောင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးကြီးမြင့်၊ အမျိုးသမီးလုပ်ငန်းအဖွဲခေါင်းဆောင် ဒေါ်မြင့်မြင့်မော်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအနေအထားကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ လိုက်နာစောင့်ထိန်းသင့်သည့်ကိစ္စများ၊ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပါတီ၏ စည်းရုံးရေးအခြေအနေများ၊ တိုင်းနှင့်ပြည်နယ်အလိုက် ဖြစ်ပေါ်နေမှုများ၊ စီးပွားရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်များကို တက်ရောက်လာ ကြသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment