Monday, February 15, 2016

NDF PRESS 4-2016 NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေးကျင်းပ

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၆)

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်

NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(စုံညီ)

အစည်းအဝေးကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(စုံညီ) အစည်းအဝေးကို ၁၆-၂-၂၀၁၆ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ရန်ကုန်မြို့ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီင်္မိုကရေစီအင်အား စုပါတီ၊ ဗဟိုဌာနချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်း၊ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးနေ မင်းကျော်၊ ဦးသက်ထွန်းမောင်၊ ဦတိုးတိုး၊ ဦးအောင်ဇင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသာဆိုင်၊ ဦးကျော်အောင်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးအောင်ဆန်း၊ ဦးအေးမင်းထွန်း၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင်  ဒေါ်မြင့်မြင့်မော်၊ ဗဟိုအလုပ်ကော်မတီဝင် ဦးမောင်မောင်လှသောင်းတို့ တက်ရောက်ခဲ့ကြသည်။

         သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အမှာစကားပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ ဆောင်

ရွက်ချက်များကို အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးတိုးတိုးတို့ကလည်း ကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွေ့အကြုံများကို အတွင်းရေးမှူး ဦးနေမင်းကျော်၊ ပါတီစီးပွားရေး လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဦးတိုးပိုနှင့် ဦးသာဆိုင်တို့ကလည်းကောင်း တင်ပြခဲ့သည်။ ထို့နောက် ပါတီရှေ့ လုပ်ငန်းစဉ်များ၊စည်းရုံးရေးအအခြေအနေများ၊ တိုင်းနှင့်ပြည်နယ်အလိုက် ပါတီစည်းရုံးရေး အနေအထားများနှင့် ပတ်သက်၍ ပါတီဥက္ကဌ ဦးခင်မောင်ဆွေကတင်ပြဆွေးနွေးခဲ့သည်။

         ပါတီခေါင်းဆောင်များ တင်ပြဆွေးနွေးချက်များကို တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထိုနောက် အစည်းအဝေးတွင် ဆွေးနွေးသဘောတူ ခဲ့သည့် ဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြုပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment