Friday, November 6, 2015

NDF ပါတီခေါင်းဆောင်များ ဗန္ဓုလပန်းခြံလွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် လူထုဟောပြောပွဲပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၄၀/၂၀၁၅

 

ရက်စွဲ။ ၂၀၁၅ခုနှစ်၊နိုဝင်ဘာလ(၆)ရက်

 

NDF ပါတီခေါင်းဆောင်များ ဗန္ဓုလပန်းခြံလွတ်လပ်ရေးကျောက်တိုင်ရှေ့တွင်

လူထုဟောပြောပွဲပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များသည်  ၆-၁၁-၂၀၁၅ ရက်နေ့ ညနေ ၄း၀၀နာရီတွင် ပြုလုပ်သောရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပြည်သူလူထုတွေ့ ဆုံပွဲသို့ တက်ရာက်ဟောပြောခဲ့ကြသည်။

         ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြုလုပ်သော ကျောက်တံတားမြို့ နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် NDF ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပဉ္စမ အကြိမ်မြောက် လူထုဟောပြောပွဲသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အတူ ပါတီခေါင်းဆောင်များက တက်ရောက်ဟောပြောခဲ့သည်။

         အခမ်းအနားအစတွင် လွတ်လပ်ရေးကျောက်တိုင်ကိုအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွား သော ရဟန်းရှင်လူကျောင်းသားပြည်သူများအား အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် ပါတီဥက္ကဌ ဥိးခင်မောင်ဆွေမှ ပါတီ၏မူဝါဒနှင့်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ NDFပါတီဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ညီညီညွတ်ညွတ်ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်မှ NDF ပါတီကိုယ်စား လှယ်များအား အဘယ်ကြောင့်မဲပေးသင့်သည်ဆိုသည်ကို တစ်ချက်ခြင်းရှင်းလင်းဟောကြားခဲ့သည်။ထို့နောက် အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှ လွှတ်တော်တွင်အကျိုးပြုမည့်သူများကို ရွေးချယ်စေ လွတ်ရန်နှင့် အိမ်ငိုက်နေမည့်သူမျိုးများကို ရှောင်ရှားကြရန်အတွက် ပြည်သူလူထုမှ ဦးနှောက်ဖြင့်ရွေးချယ်မဲ ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

         ကျောက်တံတားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမှတ်(၅)လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းသိန်းဟန်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ငြိမ်းချမ်း၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာလှမျိုးတို့က မိမိတို့ဆောင်ရွက်လုပ်ကိုင်ကြမည့်လုပ်ငန်းစဉ်များကို ဟောပြောခဲ့ကြသည်။ ထို့နောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ NDF ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ စွမ်းဆောင်ရည်များကို ပြည်သူများ အနေဖြင့် ယုံကြည်စိတ်ချနိုင်ကြောင်း ပြောကြားပြီး ကျောက်တံတားမြို့နယ် လူထုဟောပြောပွဲကို အမျိုးသားဒိမို ကရေစီအင်အားစု ရွှေခမောက်ပါတီ အောင်နိုင်ရမည်ဟု ကြွေးကြော်သံများ ကြွေးကြော်၍ ဟောပြောပွဲကို ညနေ ၅း၂၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်(၁၁)ရှိ မြို့နယ်(၉၅)မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈၉)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၃ဂ)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃၈)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ( ၂၆၅)ဦး ၀င်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်း မြို့နယ် (၂၃)မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် (၅၉)ဦး ၀င် ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။  

No comments:

Post a Comment