အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၁၅)
ရက်စွဲ။ ၁၄-၁-၂၀၁၄
NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များသို့ ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသော ပါတီဒု တိယဥက္ကဌ ဦးစိနှ်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး၊ လွှတ်တော်ကိုယ် စားလှယ် ဦးအောင်ဇင်နှင့် မန္တလေးတိုင်းအတွင်းရေးမှူး ဦးမြင့်ဦးတို့ ပါဝင်သောအဖွဲ့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ ကျိုင်းတုံမြို့နယ်နှင့် အခြားမြို့နယ်များသို့ သွားရောက်၍ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီဝင်များ နှင့်တွေ့ဆုံ၍ ပါတီစည်းရုံးရေးကိစ္စများနှင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရေးနှင့် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း များ ရွေးချယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
၈-၁-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့မှ ကျိုင်းတုံမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ကျိုင်းတုံမြို့ သို့ ညနေ ၄း၀၀ နာရီတွင် ရောက်ရှိခဲ့သည်။ NDF ကျိုင်းတုံမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ က လေဆိပ်တွင် ကြိုဆိုကြပြီး မြို့နယ်ရုံးတည်ရှိရာ ကျိုင်းတုံ ဝေါခုတ်ရွာရှိ ရှမ်းပြည်နယ်တာဝန်ခံ ဦးစောနန္ဒီ၏ အိမ်တွင် တည်းခိုခဲ့သည်။
၉-၁-၂၀၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျိုင်းတုံမြို့နယ်ရှိ မြို့နယ်စည်းများ၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီ၏မူဝါဒလမ်းစဉ်၊ လုပ်ဆောင်ချက်များနှင့် မျှော်မှန်း ချက်များကို တက်ရောက် လာကြသူများအား ပါတီခေါင်းဆောင်များနှင့် ရှမ်းပြည်နယ်တာဝန်ခံ ဦးစောနန္ဒီတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များ၊ တင်ပြလို သည်များကို တင်ပြကြပြီး ပါတီခေါင်းဆောင်များက လုပ်ဆောင်သင့်သည့် အခြေအနေများကို အကြံပြု ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို နေ့လည် ၁၂း၀၀နာရီတွင် ရုပ်သိမ်းခဲ့သည်။
၁၀-၁-၂၀၁၅ ရက်နေ့တွင် ကျိုင်းတုံမြို့မှ မိုင်းဆတ်၊ မိုင်းယန်းမြို့များသို့ ကားလေးစီးဖြင့် ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ မိုင်းဆတ်မြို့ NDF ပါတီမြို့နယ်ရုံးသို့ နေ့လည် ၁း၀၀နာရီတွင် ရောက်ရှိခဲ့ပြီး မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လာမည့်ရွေးကောက်ပွဲအခြေအနေများနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းများ ရွေးချယ်ရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုမှ မိုင်းယန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ မိုင်းလွေကျေးရွာသို့ ညနေ ၅း၀၀ နာရီတွင် ရောက်ရှိခဲ့ပြီး စောင့်ဆိုင်းနေသော မိုင်းလွေ ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ၍ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထိုမှ ဆက်လက်ထွက်ခွာခဲ့ ရာတွင် မိုင်းယန်းမြို့နယ် NDF ပါတီမြို့နယ်ရုံးသို့ ည ၆း၀၀ နာရီတွင် ရောက်ရှိခဲ့သည်။
၁၁-၁-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် NDF မိုင်းယန်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပါတီလှုပ်ရှားမှုအခြေအနေများနှင့် ရွေးကောက်ပွဲတွင်ုဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ သည်။ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
မိုင်းယန်းမြို့မှ နေ့လည် ၁း၀၀နာရီတွင် မိုင်းယန်း-မိုင်းလားလမ်းမှတဆင့် မိုင်းလာမြို့၊ ထိုမှ မိုင်းလား- ကျိုင်းတုံလမ်းအတိုင်း ကျိုင်းတုံသို့ ဆက်လက်ခရီးထွက်ခွာခဲ့ရာ ကျိုင်းတုံမြို့သို့ ညနေ ၅း၀၀နာရီတွင် ရောက်ရှိခဲ့သည်။
၁၂-၁-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ ရာ နံနက် ၁၁း၀၀နာရီတွံင် မိုင်းဖြတ်မြို့သို့ေ ရာက်ရှိပြီး မိုင်းဖြတ် NDF မြို့နယ်ရုံးတွင် မိုင်းဖြတ်မြို့နယ်နှင့် မိုင်း ယောင်း မြို့နယ်များမှ မြို့နယ်စည်းဝင်များနှင့်တွေ့ဆုံ၍ ပါတီ၏ဆောင်ရွက်မှုအခြေအနေများ၊ မြို့နယ် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စား လှယ်လောင်းများ ရွေးချယ်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
မိုင်းဖြတ်မြိ့နယ်မှ နေ့လည် ၁း၀၀နာရီတွင် ဆက်လက်ထွက်ခွာခဲ့ပြီး တာချီလိတ်မြို့သို့ ညနေ ၃း၀၀နာရီ တွင် ရောက်ရှိခဲ့ပြီး NDF တာချီလိတ်မြို့နယ်ရုံးတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ မိတ် ဆက်ခဲ့သည်။
၁၃-၁-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ပါတီခေါင်းဆောင်များနှင့် တာချီလိတ်မြို့နယ်စည်းအဖွဲ့ဝင် များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါတီ၏မူဝါဒလုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများရွေးချယ်ရေးနှင့် ပါတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ခေါင်းဆောင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေး နွေး ရာ ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားခဲ့သည်။
ညနေ ၃း၀၀ နာရီတွင် တာချီလိတ်မြို့မှတဆင့် ရန်ကုန်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ ည ၇း၀၀နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
No comments:
Post a Comment