အမျိုးသားဒီမိုကရေစီအင်အားစု( NDF)ပါတီနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)
တို့၏ပူးတွဲကြေညာချက်
ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ( ၂၄ ) ရက်
၁။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)နှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) တို့သည် သဘောတူညီချက်အရ ၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညီနောင်ညီညွတ်ရေး(Fraternal Unity) ထူထောင်သည့်အနေဖြင့် ညီနောင်နှစ်ပါတီအဖြစ် အပြန်အလှန် ကူညီ၍ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သဘောတူကြသည်။ ဤညီနောင်ပါတီညီညွတ်ရေးသည် ပါတီတစ်ခုတည်း ပေါင်း စည်းရေးအဆင့်သို့ မရောက်နိုင်သော်လည်း တပ်ပေါင်းစုမဟာမိတ်ညီညွတ်ရေး( United front ) ထက် မြင့်မားသည့်အနေအထားဖြင့်လက်တွဲဆောင်ရွက်မည် ဖြစ်သည်။
၂။ ထိုသို့ သဘောတူညီသည့်အတိုင်း မိမိတို့နှစ်ပါတီသည် ၂၀၁၅ခုတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ(၃၀၀)ခန့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အစီအစဉ်များ အကောင်အထည်ဖော် ချမှတ်ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပါတီစည်း ရုံးရေး၊ ကိုယ်စားလှယ်လောင်းများ လျာထားသတ်မှတ်ရေးနှင့် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးလုပ် ငန်းများအပြင် ပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များကို ညှိနိုင်းသတ်မှတ်ကြမည် ဖြစ်သည်။
၃။ ယင်းသို့ ညီနောင်နှစ်ပ်ါတီအဖြစ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၏ အမှုဆောင်ဥက္ကဌအဖြစ် တာဝန်ယူထားသော ဦးကျော်မြင့်အား (၅-၁-၂၀၁၅) ရက်နေ့တွင် ကျင်းပ သော NDFပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီတွင် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ရန် သဘောတူ အတည်ပြုခဲ့သည်။ သို့ ဖြစ်ရာ ကျွန်ုပ်တို့ NDFပါတီနှင့် UDPပါတီများအား ကူညီပံ့ပိုး ဆောင်ရွက်ပေးမည့် နာယကအဖွဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် အဖြစ် တာဝန်ယူမည် ဖြစ်သည်။
၎။ ထို့ကြောင့် NDF ပါတီနှင့် UDPပါတီနှစ်ခုတွင် ဦးကျော်မြင့်သည် နှစ်ပါတီ နာယကအဖွဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခြင်းနှင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညီနောင်နှစ်ပါတီအဖြစ် ပူးပေါင်းလက်တွဲယှဉ်ပြိုင်ရန် ဆုံးဖြတ်ခြင်းကို သဘောတူကြပါသည်။ ဤကဲ့သို့ ညီနောင်ပါတီအဖြစ် ဆောင်ရွက် ရခြင်း၏ အဓိကရည်ရွယ်ချက်တစ်ရပ်မှာ တည်ဆဲမြန်မာ့ပါတီစုံအခင်းအကျင်းတွင် မဲဆန္ဒရှင်ပြည်သူလူထုများ အား ရွေးချယ်စရာ နိုင်ငံရေးနယ်ပယ် ကျယ်ဝန်းလာစေရေးနှင့် ဒီမိုကရေစီဓလေ့စရိုက်များ ပိုမိုထွန်းကားရေး အတွက် ရည်ရွယ်ရင်းဖြစ်သကဲ့သို့ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ကျင့်သုံးဖော်ဆောင်နိုင်စေရန် စုစည်းညီ ညွတ်သည့် တတိယအင်အားစုဖြစ်ပေါ်လာရေးကို ရည်သန်ပါသည်။
၅။ ဤသဘောတူဆုံးဖြတ်ချက်ကို ပါတီနှစ်ရပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ကိုယ်စား NDF ပါတီနှင့် UDP ပါတီဥက္ကဌများက အောက်တွင်လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။
(လှမြင့်)
ဥက္ကဌ
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)
မှတ်ချက်
ဤကြေညာချက်ကို ၂၀၁၅ ခု၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် NDF ပါတီဌာနချုပ်၌ နှစ်ပါတီခေါင်းဆောင်များ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်သည်။

No comments:
Post a Comment