Saturday, February 9, 2019

NDFပါတီ၏မြစ်ဆုံဆည်နှင့်ပတ်သက်သည့်သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

မြစ်ဆုံဆည်နှင့်ပတ်သက်သည့်သဘောထားထုတ်ပြန်ချက်

                                                            ရက်စွဲ။ ၉-၂-၂၀၁၉

 

        ဧရာဝတီမြစ်သည် အာရှဒေသတွင်၊ ရေကာတာစသည့် ချုပ်ချယ်ထားဆီးမှုများမှ လွတ်ကင်း၍ လွတ် လပ်စွာ စီးဆင်းခွင့်ရနေသည့် တစ်ခုတည်းသောမြစ် ဖြစ်ပါသည်။

        သို့ဖြစ်ရာကျွန်ုပ်တို့NDFပါတီသည် ဧရာဝတီမြစ်ပေါ်ရှိ ဤမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းသင့် ကြောင်း ပထမအကြိမ်လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့NDFပါတီသည် ဧရာဝတီ မြစ်အား အချုပ်အနှောင် မရှိ၊ လွတ်လပ်စွာစီးဆင်းနေရေးကို ဆက်လက်ထောက်ခံနေမည်ဖြစ်သည်။

 ယခုအခါ ဤမြစ်ဆုံနေရာ၌ပင် အရွယ်အစားသေးငယ်သောစီမံကိန်း  သို့မဟုတ် ဧရာဝတီမြစ် ကြောင်း တစ်နေရာရာတွင်  နေရာပြောင်းရွေ့၍ လျှပ်စစ်ထုတ်မည့် ရေကာတာများဆောက်လုပ်ရေး အစီအ စဉ်များကို ကော်မရှင်ဖွဲ့၍ စဉ်းစားနေကြောင်း ကြားသိရပါသည်။ မြစ်ဝှမ်းပေါ်တွင်   ရေကာတာပိတ်၍ တည် ဆောက်ခြင်းအားဖြင့် ဆည်အတွင်း နှုန်းအနည်များကျလာပြီး၊ သိုလှောင်နိုင်သည့်ရေထုထည်ပမာဏများ လျော့ကျလာမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏လက်သို့ ပြန်လည်လွဲအပ်မည့် နောင်နှစ်ငါးဆယ်အကြော တွင် မြစ်ဆုံရေကာတာမှ ရေအားဖြင့်လျှပ်စစ်ထုတ်နိုင်စွမ်းများစွာကျဆင်းသွားမည်ဖြစ်ခြင်းနှင့် ရေကာတာ အလွန်ရှိ မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပိတ့်ဆိုမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင် ရာများ၊  မြစ်ကမ်းဝဲယာရှိ လူမှုစီးပွားရေးဆိုင်ရာများ ၊ ဇီဝမျိုးကွဲမျိုးစုံ ရေရှည်ရှင်သန်နိုင်ရေးများ၊ ငါးမျိုး စိတ် များ သဘာဝအရ ပေါက်ဖွားရာ  မြစ်ညာဒေသ၌ မျိုးပွားခွင့်ရှိ စေရေးအပြင်၊ ရေကြောင်းသွားလာရေးနှင့် ဆား ငံရေထိုးဝင်မှုပြဿနာများ စသည့်တို့သည် လျှပ်စစ်မီးရရှိရေး ကောင်းကျိုးထက် ထိုဆိုးကျိုးကပိုနေမည်ဟု ပညာရှင်အသိုင်းအ၀ိုင်း၏ သုံးသပ်မှုများ ရှိခဲ့ပါသည်။ သို့စဉ်လျှက် ဧရာဝတီမြစ်၏ရေအလျဉ်စီးဆင်းမှုကို ဟန့် တားရန် ကြံစည်နေမှုများသည် တစ်မျိုးသားလုံး၏ရေရှည်အကျိုးစီးပွားကို မျက်ကွယ်ပြုရာ ရောက်နေပါသည်။

ထို့ကြောင့် မြစ်ဆုံစီမံကိန်းအတွက် EIAနှင့် ပတ်သက်ရာပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာတာဝန်ယူ လေ့လာခဲ့သည့် BANCA၏ အစီရင်ခံစာအတိုင်း ဧရာဝတီမြစ်ဝှမ်းပေါ်ရှိမြစ်ဆုံဒေသတွင် ဆည်ဆောက်ရန် မသင့်လျှော်ပါ။ သို့ပါ၍ ဧရာဝတီမြစ်ဝှမ်းအပေါ်၌ ဆောက်လုပ်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ များ ဆောက်လုပ်ခြင်းမှန်သမျှတို့ကို   ကျွန်ုပ်တို့ NDFပါတီက နိုင်ငံ၏ရေရှည်အကျိုးစီးပွားမျှော်ကိုး၍ အလေး အနက်ကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment