Sunday, March 4, 2018
NDF Party သတင်းထုတ်ပြန်ချက် ၁-၂၀၁၈NDFမန္တလေးတိုင်း စည်းရုံးရေးကော်မတီရုံးခန်းသစ်ဖွင့်ပွဲသို့ NDFပါတီခေါင်းဆောင်များတက်ရောက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ၁-၂၀၁၈
ရက်စွဲ။ ၄-၃-၂၀၁၈
NDFမန္တလေးတိုင်း စည်းရုံးရေးကော်မတီရုံးခန်းသစ်ဖွင့်ပွဲသို့
NDFပါတီခေါင်းဆောင်များတက်ရောက်
        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီ ရုံးခန်းသစ်ဖွင့်ပွဲကို ၂၈-၂-၂၀၁၈ရက်နေ့ နံနက် ၈း၀၀နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ စပယ်လမ်း၊၄၆လမ်းနှင့်၄၇လမ်းကြား၊မြရည်နန္ဒာ အိမ်ယာ၊မမ၂၇၊ တိုက်အမှတ်၆၊ အခန်းအမှတ်၀၀၁တွင် ပြုလုပ်ခဲ့သည်။  ရုံးဖွင့်ပွဲအစတွင် မန္တလေး ဘုရားကြီး တိုက်၊ ပါဠိပါရဂူဆရာတော်၊ ဆရာတော်ဦးဝီရသူတို့အား အာရုံဆွမ်းဆက်ကပ်၍ သံဃာတော်များက အန္တ ရယ်ကင်းပရိတ်များ ရွတ်ဖတ်သရဇ္ဇယ်ခဲ့သည်။
        တိုင်းရုံးဖွင့်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုတိယဥက္ကဌများဖြစ်ကြသော ဒေါက်တာဝင်းနိုင်၊ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးတိုးတိုးနှင့် ဦးအောင်ဇင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်မော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသာဆိုင်နှင့် ဦးနန်း ထိုက်ဇော် ၊ဗဟိုနာယကများဖြစ်ကြသော ဦးတိုးပိုနှင့် ဦးစိန်လှဦး၊ မန္တလေးတိုင်း ဒုဥက္ကဌ ဦးညီပုနှင့် မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း(၁၀၀)ခန့် တက်ရောက် ခဲ့ကြသည်။
ဖွင့်ပွဲတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီအနေဖြင့် မြန်မာ နိုင်ငံနှင့် မြန်မာနိုင်ငံသားများအကျိုးအတွက်၊ အမျိုးသားရေးအပေါ် ရပ်တည်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုလည်း မေ့လျောထားမည် မဟုတ်ကြောင်း အထူးပြုပြောကြား ခဲ့ သည်။ ထို့နောက် ပါတီဝင်အဆိုပြုလွှာများကို မန္တလေးတိုင်း ဒုဥက္ကဌ ဦးညီပုက လက်ခံရယူခဲ့သည်။ တက် ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြန်လည်ဖြေကြား ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
        ထို့နောက် မန္တလေးတိုင်းစည်းရုံးရေးကော်မတီကို အဖွဲ့ဝင်ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး တိုင်းတာဝန် ခံအဖြစ် ဦးညီပု၊ ဒုတိယတာဝန်ခံများအဖြစ် ဦးနေလင်းနှင့် ဦးသူရဇော်တို့အား သဘောတူရွေးချယ်တာဝန် ပေးအပ်ခဲ့သည်။  မန္တလေးတိုင်းစည်းရုံးရေးကော်မတီအသစ်အနေဖြင့် တိုင်းအတွင်း ပါတီစည်းရုံးရေးလုပ်ငန်း များနှင့် မြို့နယ်ရုံးများ ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုရင်ဆိုင်နေရ သော အခက်အခဲအကြပ်အတည်းများကိုလည်း ပါတီအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းစည်းရုံးရေးကော်မတီ
၁။     ဦးညီပု         တိုင်းတာဝန်ခံ
၂။     ဦးနေလင်း     ဒုတိယတာဝန်ခံ(၁)
၃။     ဦးသူရဇော်    ဒုတိယတာဝန်ခံ(၂)
၎။     ဦးနန်းထိုက်ဇော် စည်းရုံးရေးတာဝန်ခံ
၅။     ဦးစိန်ထွန်း     ဘဏ္ဍာရေးတာဝန်ခံ
၆။     ဒေါက်တာထွန်းထွန်းဦး        ရုံးအဖွဲ့
၇။     ဦးကျော်ဆွေ   ရုံးအဖွဲ့
၈။     ဦးသန်းညွန့်    ရုံးအဖွဲ့
၉။     ဦးဟန်မျိုးမွန်  ပြန်ကြားရေး
ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာလူထုတွေ့ဆုံပွဲသို့
NDFပါတီခေါင်းဆောင်များတက်ရောက်ဆွေးနွေး
        တဲစုကျေးရွာလူထုတွေ့ဆုံပွဲတွင် ပါတီဥက္ကဌဦးခင်မောင်ဆွေက ပါတီ၏ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်း စဉ်များ၊ဆောင်ရွက်ချက်များကို အမှာစကားပြောကြားခဲ့သည်။ ဗဟိုနာယက ဦးတိုးပိုက NDF ပါတီပေါ်ပေါက် လာရခြင်းသမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဒုဥက္ကဌ(၁) ဒေါက်တာဝင်းနိုင်က ပါတီဖွဲ့စည်းပုံ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲတစ်ခုတွင် ကြုံတွေ့ရမည့်အခြေအနေများအကြောင်း နှင့် ထို့အတွက် ပြင်ဆင်ထားရန်လိုအပ်မှုများကို ပြောကြားခဲ့သည်။ တိုင်းစည်းကော်မတီဝင်နှင့် ၀မ်းတွင်း မြို့နယ်အတွင်းရေးမှူး ဦးစိန်ထွန်းက ၀မ်းတွင်းမြို့နယ်အတွင်း ဆောင်ရွက်နေသည့် လူထုနိုင်ငံရေး အခြေပြုဆောင်ရွက်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်နှင့် ဦးစိန်ထွန်းတို့က ပြန်လည်ဖြေကြားခဲ့ကြသည်။ အဓိကမေးခွန်းများမှာ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ဦးညီပုနှင့် ဦးစိန်ထွန်းတို့ ဦးစီးဆောင်ရွက်နေသည့် ကျေးရွာမီးလင်းရေးဆောင်ရွက် နေမှုအပေါ် မေးမြန်းကြခြင်းဖြစ်သည်။  တိုင်းဥက္ကဌနှင့် ၀မ်းတွင်းမြို့နယ်ဥက္ကဌ ဦးညီပုက ကျေးဇူးတင်စကား ပြောကြားပြီး တဲစုကျေးရွာလူထုတွေ့ဆုံပွဲကို နေ့လည် ၁၂း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
No comments:
Post a Comment