Friday, June 9, 2017

NDF PARTY တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆဖြစ်ပွားမူနှင့်ပတ်သက်ပြီး ၀မ်းနည်းကြောင်းသတင်းထုတ်ပြန်ခြင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆဖြစ်ပွားမူနှင့်ပတ်သက်ပြီး ၀မ်းနည်းကြောင်းသတင်းထုတ်ပြန်ခြင်း

ရက်စွဲ။  ၉-၆-၂၀၁၇

၁။      တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်(Y-8-200F)အမျိုးအစား၊ လေယာဉ်အမှတ် -၅၈၂၀ သည်

(၇-၆-၂၀၁၇)ရက်နေ့၊ နေ့လည် ၁း၀၀နာရီတွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၏ အနောက်ဖက် ၁၄ မိုင်အကွာ ပင်လယ်ပြင်သို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်စီးနင်းလိုက် ပါသူ တပ်မတော်သား၊အရာရှိစစ်သည်နှင့် မိသားစုဝင် (၁၀၈)ဦးနှင့် လေယာဉ်အမှုထမ်း(၁၄)ဦး ပျောက်ဆုံးလျှက် ရှိကြောင်း သိရှိရပါသည်။

၂။      ယနေ့အထိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်(၃၁)ဦး၏ ရုပ်အလောင်းများနှင့် လေယာဉ် ပစ္စည်းများ ဆယ်ယူရရှိထားကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ကြား သိနေရပါသည်။

၃။      အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအနေဖြင့် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆဖြစ်ပွားမူနှင့်ပတ်သက်၍ သေဆုံး၊ပျောက်ဆုံးသွားသော တပ်မတော်အရာရှိစစ်သည်များနှင့် မိသားစု ၀င်များ၊ ၄င်းတို့၏ ကျန်ရစ်သူမိသားစုများ၊ ဆွေမျိုးမိတ်ဆွေများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment