ရခိုင်ပြည်နယ်အကြမ်းဖက်ဖြစ်စဉ်အပေါ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မူများနှင့်ပတ်သက်၍-
၁။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီအစွန်းရောက်အကြမ်းဖက်သမားများနှင့် ရွာခံဘင်္ဂါလီများ ပူးပေါင်းကျူးလွန် သည့် အကြမ်းဖက်ဖြစ်စဉ်များတွင် နယ်ခြားစောင့်ရဲတပ်ရင်းများမှတပ်ဖွဲ့ဝင်များ နိုင်ငံအတွက်အသက် ပေးလှူသွားခဲ့ရခြင်း၊
၂။ လုံခြုံရေးစခန်းများကို အလစ်အငိုက်ဝင်တိုက်ပြီး လက်နက်ခဲယမ်းများကို ယူဆောင်သွားခြင်း၊
၃။ ခြောင်းမြောင်းပစ်ခတ်မှုများကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေကြသည့် တပ်မတော်သားများ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရခြင်း၊
၎။ ဖမ်းဆီးရမိသော အကြမ်းဖက်အဖွဲ့ဝင်များကို စစ်ဆေးရာတွင်လည်း ဘင်္ဂါလီအကြမ်းဖက်သမားများ အဖြစ် ထင်ရှားပေါ်လွင်လျက်ရှိခြင်း၊
၅။ ဘင်္ဂလီအကြမ်းဖက်သမားများက ဂျီဟတ်စစ်ပွဲအဖြစ် ကြွေးကြော်တိုက်ခိုက်လာခြင်းတို့ကို တွေ့မြင်နေရ ပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သိသာထင်ရှားနေသည့် ဤဖြစ်စဉ်ဖြစ်ရပ်များအပေါ်မူတည်၍ အချုပ်အခြာအာဏာကို ထိပါးနေမူနှင့် နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်နေခြင်းများအတွက် ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းအမည်ကို ပြည်သူအများနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန်တွက် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန်နှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမူအမြန်ဆုံးဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်ပေးရန် သဘောထားထုတ် ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment