အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ( ၂၆ / ၂၀၁၅)
ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဇွန်လ(၂၉)ရက်
၂၀၁၅ရွေးကောက်ပွဲဝင် Ndf လွှတ်တော်ကိုယ်စားလှယ်လောင်းများ
အလုပ်ရုံဆွေးနွေးပွဲ ၁/၂၀၁၅ ဒုတိယနေ့ကျင်းပပြုလုပ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ၂၀၁၅ရွေးကောက်ပွဲဝင် Ndf လွှတ်တော်ကိုယ်စားလှယ် လောင်းများ အလုပ်ရုံဆွေးနွေးပွဲ ၁/၂၀၁၅ ၊ ဒုတိယနေ့အဖြစ် ၂၉-၆-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့၊ သံတမန်လမ်းမ၊မေရီချပ်မဲန်နားမကြားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ပြည်နယ်နှင့်တိုင်းများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အခမ်းအနားမှူးများအဖြစ် ဦးနေမင်းကျော်နှင့် ဦးကျော်အောင်တို့က ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲအစတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေက သင်တန်းခေါ်ယူရခြင်းအကြောင်းရင်းများကို အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပါတီဒုဥက္ကဌ ဦးစိန်လှဦးက NDF ပါတီဖြစ်ပေါ်လာပုံသမိုင်းကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။ ဗဟိုဥပဒေရေးရာတာဝန်ခံ ဦးကြီးမြင့်က ရွေးကောက်ပွဲဥပေဒများနှင့် နီင်ငံရေး ပါတီများ လိုက်နာရမည့်ကျင့်ဝတ်များအကြောင်းနှင့် သတိပြုရန် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အခြေခံဥပဒေတွင် သတိထားရမည့် အချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ရွေးကောက်ပွဲတစ်ခုကို ဖြတ်သန်းရာတွင် ပါတီအဖွဲ့အစည်းအဆင့်ဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး နေ့လည် ၁၂း၀၀နာရီတွင် ဆွေးနွေးပွဲကို ခဏရပ်နား၍ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နေ့လည်၁း၀၀နာရီတွင် ဆွေးနွေးပွဲပြန်လည်စတင်ပြီး ဦးနေမင်းကျော်က NDF Campagin 2015 နှင့် ပတ်သက်၍ အုပ်စုများခွဲ၍ဆွေးနွေးကာ NDF ပါတီ ရွေးကောက်ပွဲအနိုင်ရရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အကြောင်းကို အုပ်စုလိုက်တွေ့ရှိချက်များကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ဒေါက်တာအောင်သူဟိန်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အထူးသတိပြုသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ပါတီဝင်များသိသင့်သည့် ပါတီ၏မူဝါဒများနှင့် စီးပွားရေးအမြင်၊ နိုင်ငံရေး အမြင် များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၄း၀၀နာရီတွင် အောင်မြင်စွာကျုင်းပပြီးစီးခဲ့သည်။
ထို့နောက် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများအလိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
No comments:
Post a Comment