Thursday, November 6, 2014

NDF ဟာ ဒီမိုကရက်တစ်ပါတီတစ်ခုဆိုတာ မမေ့ပါနဲ့( ၂၆-၁၀-၂၀၁၄)

 NDF ဟာ ဒီမိုကရက်တစ်ပါတီတစ်ခုဆိုတာ မမေ့ပါနဲ့( ၂၆-၁၀-၂၀၁၄)

 

NDF ကို USDP တဲ့ တဖွဲ့တည်းလို့ မြင်စေချင်သူတွေက များမှများ။

ပါတီစထောင်တော့လည်း ဟိုလူတွေနားကငွေယူပြီးထောင်တယ်လို့

သတင်းတွေဖြန့်သူတွေကလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေ။

မိတ်ဆွေဟောင်းကြီးတွေ။

ခုချိန်ထိကို ဖြန့်လို့မပြီးနိုင်၊ ပြောလို့မပြီးနိုင်သေး။

 

၂၀၁၀ ရွေးကောက်ပွဲမှာ NDF က ၀င်ပြိုင်တဲ့နေရာတိုင်းမှာ

USDP နဲ့ အသေအကြေတိုက်ခဲ့ရ။

ဒီမိုကရေစီအတွက် ခမောက်ဆောင်းပြီး ၀င်တိုက်ခဲ့ရတာကို

ငါတို့ခမောက်ယူသွားတဲ့ ခမောက်သူခိုးဆြိုပီး

ပါတီစထောင်ကတည်းက သစ္စာဖောက်လို့ သတ်မှတ်ထားကြသူတွေအတွက်

တစ်သက်ကမ္ဘာကြေစရာ မရှိတဲ့ ဖြစ်ရပ်မျိုးကြီး။

ရောက်လေရာနေရာတိုင်း ပြောမပြီးနိုင်တဲ့ မကျက်နိုင်တဲ့ဒဏ်ရာကြီး။

၂၀၁၂မှာလည်း နေရာတိုင်းမှာပြော။

အခုလည်းပြောနေတဲ့နေရာတွေ ရျိနေသေး။

ဒီမိုကရတစ်ဆိုတာ သြော်ငါတို့ကလွဲလို့ တစ်ခြားသူမရှိ

ဆိုတာနဲ့များ လာတွေ့နေရတာပါလား။

 

 

ပါတီသစ်ဆိုတော့

ပါတီရုံးလည်းနေရာတိုင်းမရှိ

ဝင်ပြိုင်တဲ့အမတ်လောင်းကလည်း

အားပေးသူနည်း။ထောက်ခံသူနည်း၊ သူ့အတွက်ရုံးနေရာမရှိ၊

ကိုယ့်အမတ်လောင်းက လူမသိ၊သူမသိတဲ့ မြို့နယ်အတွက် သူစိမ်းတွေ

ဒီကြားထဲ တစ်ဖက်ကို အသာရစေမယ့် NO VOTE တွေကလည်း

တပြည်လုံးမှ ခြိမ့်ခြိမ့်သဲ

ပါတီရုံးထဲကနေ တစ်ဖ၀ါးမှမခွာသူတွေတောင်

တစ်ပြည်လုံးအနှံရောက်လေရဲ့။

 

ကိုယ်လည်း ကိုယ်နဲ့စိတ်တူကိုယ်တူတွေနဲ့ တပ်ပေါင်းကလေးတွေစုကြည့်။

ဒီမိုကရေစိမိတ်ဆွေဆိုပြီး ပြည်မက ငါးပါတီနဲ့ တိုင်းရင်းသားငါးပါတီပေါင်းနိုင်ခဲ့တယ်။

တစ်ခါ USDP က စကားပြောချင်တယ်ဆိုလို့

ဒီမိတ် ၁၀ပါတီသွားတွေ့ပြီး စကားပြောလိုက်တော့

အချို့ဂျာနယ်တွေက ရေးသဗျ။

USDP နဲ့ ပေါင်းလိုက်တော့ NDF ဆိုလား။

ဒီမိတ် ၁၀ ပါတီတောင်မဟုတ်။

ကိုယ့်ပါတီကိုပဲ ဇောင်းတည်ရေး။

အခုလည်း ဒီဂျာနယ်က NDF ဆိုရင် ကောင်းကောင်းဆော်နေတုန်း။

အရမ်းမေတ္တာထားနေလေရဲ့။

 

 

ပါတီခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့တုန်းကပြောတဲ့စကားတွေ

မနေ့ကမှ တစ်ယောက်ပြောမှသာ သိရ။

ကိုယ့်ခေါင်းဆောင်တွေများ တစ်ခွန်းမှ ခုချိန်ထိ ပြန်မပြောပြခဲ့ဘူး။

ကိုယ့်ဖက်က ကမ်းလှမ်းတာ၊ ပြောခဲ့တာတွေက ဂိတ်ဆုံး

သြော် ဒီလိုကမ်းလှမ်းချက်ကို

သူတို့ရဲ့ပါတီညီလာခံကြီးက သစ္စာဖောက်တွေမို့ လက်မခံဘူးဆိုတာနဲ့

တုန့်ပြန်ခဲ့တာပဲ။

ဦးသိန်းညွန့်ကြီးဆို ပါတီဖျက်ပေးမယ်ဆိုတာတောင် မရဘူး။

 

 

ဒီမိုကရေစီမိတ်ဆွေဆယ်ပါတီသွးအေးသွားတော့လည်း။

ဖက်ဒရယ်ဒီမိုကေ၇စီမဟာမိတ် FDA ကို တိုင်းရင်းသားသုံးပါတီနဲ့

ပြည်မက ၈ပါတီပေါင်းပြီး မဟာမိတ်အဖွဲတစ်ခုအနေနဲ့

ပြန်တည်ဆောက်ခဲ့တယ်။

လမ်းကြောင်းတူ၊ စိတ်တူကိုယ်တူတွေနဲ့ပါ။

USDP အဆွယ်အပါးတွေ မပါ။

 

 

နဂိုကတည်းက နာမည်ဖျက်ချင်နေကြသူတွေအတွက်ကတော့

PR တင်တာနဲ့ ၀ိုင်းပြောလာကြတယ်။

ပီအာက ၂၀၁၂ ဇွန်လကတည်းက တင်ပြီးပြောလာတာ။

လွှတ်တော်မှာ ၂၀၁၄ ဇွန်လမှာ ထပ်တင်တော့မှ

မြန်မာပြည်ကြီးမှာ အုံးအုံးကျက်ကျက်ကို ဖြစ်လာရော။

ရှေ့က ၄၃၆ ကိုအာရုံလွဲဖို့လုပ်တာတဲ့ဗျာ။

၄၃၆နဲ့ ပီအာ ဘယ်သူက အရင်ကျပါလိမ့်။

၂၀၁၃ နိုဝင်္ဘာမှာ ပြည်ထောင်စုလွှတ်တော်မှာ

နည်းလမ်းမကျလို့ မဆွေးနွေးဘူးးဆိုတဲ့ တုံးထုခံရတဲ့ပီအာကို

နည်းလမ်းတကျ လွှတ်တော်မှာတင်တော့

ဆူဆူညံညံတွေ ပွက်လောရိုက်ကုန်ရော။

 

 

ဒီတော့လည်း ထုံးစံအတိုင်း ဖြန့်ကြပါလေရော

USDP က တင်ခိုင်းလို့

ငွေပေးပြီးခိုင်းလို့

ဓားခုတ်ရာလက်ဝင်လျှိုတာ

USDP နဲ့ ပေါင်းသွားပြီး

စသဖြင့် စသဖြင့် ပြောကြဆိုကြရေးကြလေရဲ့။

ပီအာအကြောင်း စပြောတဲ့ ၂၀၁၂ ဇွန်လကနေ ယနေ့အချိန်ထိ

NDF ပါတီခေါင်းဆောင်တွေပြောခဲ့တာတွေကို

မဖတ်၊ မသိ၊ နားမထောင်ဘဲ ပြောနေကြတော့လည်း

ပြောချင်သလိုသာ ပြောကြပေတော့ဗျာ။

 

 

ဒီတော့လည်း NDF ဟာ ဒီမိုကရက်တစ်ပါတီတွေထဲက တစ်ခု

NLD မဟုတ်တဲ့ ဒီမိုကရက်တစ်ပါတီတစ်ခု

လက်ဝေခံပါတီမဟုတ်

လက်အောက်ခံပါတီလည်းမဟုတ်

ကိုယ်မူ၊ကိုယ့်ပေါ်လစီ၊ ကိုယ့်လမ်းကြောင်းနဲ့ သွားနေ၊လျှောက်နေတဲ့ပါတီ

ဆောင်ပုဒ်ကိုက ရှင်းတယ်။

ပြည်သူ့အတွက် NDF

လုပ်ပေးနိုင်သမျှ လုပ်ပေးမယ်

ပြောပေးနိုင်သမျှ ပြောပေးမယ်

စွမ်းနိုင်သမျှ စွမ်းဆောင်ပေးမယ်ဆိုတာက

ပါတီရဲ့ လုပ်ဆောင်ချက်ပါပဲ။

 

 

ဒီတော့ ထင်ချင်သလိုလည်း ထင်လို့ရတယ်။

ပြောချင်သလိုလည်း ပြောလို့ရတယ်။

ပေးစားချင်သလိုလည်း ပေးစားလို့ရတယ်။

နာမည်တပ်ချင်သလိုလည်း တပ်လို့ရတယ်

ဒါပေမယ့် NDF ဟာ ဒီမိုကရေစီကိုဖော်ဆောင်မယ့်

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်နဲ့ ဒီမိုကရက်တစ်လူ့ဘောင်ကို

ဖော်ဆောင်မယ့်

ဒီမိုကရက်တစ်ပါတီတစ်ခုဆိုတာ မမေ့ပါနဲ့။

မိုးကုတ်ကိုတိုး( ၂၆-၁၀-၂၀၁၄)


No comments:

Post a Comment