Thursday, November 6, 2014

ပြောခဲ့သမျှ တိုတိုစိစိကလေးများ ၅

နိုင်ငံရေးက လူတိုင်းနဲ့ဆိုင်ပေမယ့်
လူတိုင်းက နိုင်ငံရေးကိုလုပ်ကြရင်
ကျန်တဲ့အလုပ်တွေကို ဘယ်သူတွေ လုပ်ကြမှာလဲဟင်။
တွေးမိတာလေး ပြောကြည့်တာပါ။
-----------------------------------

ရင်ထဲက ကျလိကျလိနဲ့မို့ ပြောရဦးမယ်။

ဒီနေ့ ဂျာနယ်အချို့မှာ ပီအာနဲ့ ပတ်သက်တဲ့ဆောင်းပါးလေးတွေပါလို့
ဖတ်ကြည့်တာ ဆောင်းပါးရှင်တွေရဲ့ သမာသမတ်က
အရမ်းချီးကျူးးစရာ ကောင်းတာပဲ။
လူတစ်ယောက်နဲ့ တစ်ပါတီကို အစိုးရဖြစ်စေချင်တဲ့ဇောနဲ့
ရေးလိုက်တာများ ကိုယ့်ပါတီတောင် ရစရာမရှိ၊
ပြီးတော့ ဘယ်နားနေရမှန်းတောင်မသိ။
ခမောက်ကလည်း အခိုးခံရကောင်းနေတုန်း။
ခမောက်ကလေး အခိုးမခံရခင်
ပါတီကိုတောင် အပျက်ခံ၊အဖျက်ခံပြီး
လူထုကို ပစ်ပြေးတာကိုတော့ ဘာမှမပြောရဲကြဘူး။
ဒါတောင် ခဏဘေးထွက်ထိုင်နေတာပါလို့ ရေးပြသေး။
ပေးစားလိုက်တာကလည်း လွန်ရော။
သြော် ......သြော်.....သြော်
သူလုပ်မှ ဒီမိုကရေစီစစ်စစ်
သူတို့လုပ်မှ ဒီမိုကရေစီစစ်စစ်
ကျန်တာမှန်သမျှ ဘာလုပ်လုပ် ဒီမိုကရေစီလည်းမဟုတ်
ဒီမိုကရက်တစ်လည်း မဟုတ်ဘူးဆိုတော့လည်း
နောင်တစ်ချိန် သမိုင်းခုံရုံးမှာ
ဖြေရှင်းကြသပေါ့ဗျာ။
၂၀၁၀ တုန်းက ဘယ်သူကမှားသလဲ
ဘယ်သူက မှန်သလဲ။
ပီအာ စနစ်တင်သွင်းမှုက
သမိုင်းကြောင်းကောင်းဖို့လား၊
သမိုင်ကြောင်းဆိုးဖို့လားဆိုတာ။
ကျွန်တော်တို့ကတော့ လိပ်ပြာသန့်ပါတယ်။
ရချင်စရာနေရာမရှိ၊ ဖြစ်ချင်စရာနေရာမရှိ၊
ကူမယ့်သူနည်း၊ ထောက်ပံ့မယ့်သူနည်း
အားပေးမယ့်သူ နည်းနေသေးပေမယ့်
NDFဟာ ဒီမိုကရက်တစ်လမ်းပေါ်ကနေ
၂၀၁၀ ကတည်းက မတိမ်းမစောင်းနဲ့
ဆက်လျှောက်နေဆဲပါ။
မိုးကုတ်ကိုတိုး( ၂၅-၈-၂၀၁၄)

------------------------------------------


ကိုမိုးဟိန်းကျော်ပို့စ်မှ အကြိုက်ဆုံး အကြောင်းအရာကလေး။

NLD နဲ့ အန်တီစု ကို ထောက်ခံလို့ ရပါတယ်။
ဒါပေမယ့် အခုအခါ မှာတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ နဲ့
NLD အာဏာ ရရေး အန်တီစု အာဏာ ရရေး ကို
ဒီမိုကရေစီရေး လို့ အထင် မှားနေ ကြပါတယ်။
ဘယ်လောက်တောင် ဆိုး လဲ ဆိုရင် USDP သာ မက
NDF (ဦးခင်မောင်ဆွေ)၊ NNDP (ဦးသိန်းညွန်)၊ DP (ဦးသုဝေ) တို့လို
ဒီမိုကရေစီ လိုလားသော ပါတီတွေ နိုင်မယ် ဆိုရင်တောင်
ဒီမိုကရေစီ ရတယ် လို့ မသတ်မှတ် နိုင်ပဲ ရန်သူ စာရင်း သွင်း ထားပါတယ်။
ဒီလို သဘောထား မျိုးက တော့ ဒိမိုကရေစီ စိတ်ထားလို့ မဆိုနိုင်ပါဘူး။
Moe Hein Kyaw

-----------------------------------


No comments:

Post a Comment