ကျွန်တော်တို့ဟာ ဒေါက်တိုင်လား။( ၉-၁၀-၂၀၁၄)
ကျွန်တော်တို့ဟာ ဒေါက်တိုင်လား။( ၉-၁၀-၂၀၁၄)
NDF တွေ စဉ်းစားကြဖို့။
အာဏာရှင်ဒေါက်တိုင်ပါတီလို့ ပြောနေကြတယ်။
NDF ဟာ ၂၀၁၀ တုန်းက သမိုင်းရဲ့လိုအပ်ချက်အရ ပေါ်လာတဲ့ပါတီ။
ကြောက်သူတွေ၊ ကြောက်တတ်သူတွေ၊ ခေါင်းရှေုာင်တတ်သူတွေ ရှောင်ပြေးနေကြတုန်း
ငါတို့လုပ်မှဖြစ်မယ်ဟေ့ ဆိုပြီး ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ကြမယ်ဟေ့ဆိုပြီး
ဘာမတတ်၊ညာမတတ်၊ ဘာမသိ၊ညာမသိနဲ့ လုပ်ရမယ်ဟေ့ဆိုတဲ့အသိတစ်ခုနဲ့
ဝင်ရောက်ခဲ့တဲ့ပါတီ။
ကျွန်တော်တို့ရဲ့ သွေးနဲ့ချွေးနဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ပါတီ၊
အခက်အခဲမျိုးစုံ၊ အတိုက်အခတ်မျိုးစုံ၊ ပုတ်ခတ်ဝေဖန်မှုမျိုးစုံကြားကနေ
မတုန်မလှုပ်နဲ့ ဇွဲရှိရှိနဲ့ ကျော်ဖြတ်ခဲ့တဲ့ ပါတီ။
သမိုင်းလိုအပ်ချက်အရ လုပ်ရတာမို့ ပါတီအကြပ်အတည်းဖြစ်ချိန်မှာ ပါတီနဲ့အတူမရပ်တည်နိုင်ခဲ့တာကို
မှားပါတယ်ဆိုပြီး ပြန်ပြောကြတဲ့သူတွေထဲမှာ ကျွန်တော်တို့မပါ။
နိုင်ငံရေးမလုပ်ဘဲ လူမှုရေးပဲလုပ်မယ်ဆိုတဲ့ ပါတီအဖျက်ခံကြတဲ့ မဟာခေါင်းဆောင်ကြီးတွေနဲ့
ရွေးကောက်ပွဲကိုဖြတ်သန်းမှ ဒီမိုကရေစီလမ်းအစကိုသွားနိုင်မှာမို့ ပါတီရှိသင့်တယ်ဆိုတဲ့
အဖျက်မခံချင်ကြတဲ့ နိုင်ငံရေးကိုဆက်လုပ်ကြမယ့်ဆိုတဲ့
ကျွန်တော်တို့ပါတီခေါင်းဆောင်ကြီးတွေရဲံ့ အတွေးက ကွာမှကွာ။
ဘယ်သူမှအားကိုးစရာမရှိလို့ ကိုယ့်စွမ်းကိုယ့်စနဲ့ ကိုယ့်အားကိုယ်ကိုးပြီး
မြန်မာ့နိုင်ငံရေးလောကထဲမှာ တိုးဝင်လှုပ်ရှားနေတာ ၂၀၁၀ကနေ ယခုအချိန်ထိပါ။
(ကိုယ်မှ အားကိုးစရာမရှိတော့ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်အားကိုယ်ကိုးပေါ့)
ညီညွတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပေမယ့် သစ္စာဖောက်ဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ
အရာအားလုံး ကြွေမွသွားခဲ့တယ်။
ဘယ်တတ်နိုင်ပါ့မလဲ။ သင်ပုန်းချေရေး၊ အာဃာတမထားရေး၊ သဟာဇာတဖြစ်ရေး၊
မုဒိတာပွားရေးတွေဆိုတာ ကိုယ့်ပါတီအတွက်မှ မဟုတ်တာ။
သဘောထားနဲ့စီတ်ထားကလည်း ရှင်းရှင်းကြီးကို တွေ့လိုက်ရပြီးသားပဲ။
ဒီတော့လည်း ကိုယ့်အားကိုယ်ကိုးပြီး အားလုံးတိုင်တိုင်ပင်ပင်နဲ့ ရှေ့ဆက်သွားကြခဲ့တယ်။
ပြောင်းသူပြောင်း၊ ကူးသူကူး၊ ထွက်သူထွက်နဲ့ ကယိမ်းကယိုင်ဖြစ်သွားမယ်လို့ ထင်နေပေမယ့်
ထင်သလို မယိုင်သွားပဲ ပိုကျစ်သွားခဲ့တယ်။
လုပ်နိုင်သမျှ လွှတ်တော်တွင်း၊လွှတ်တော်ပမှာ ဒီမိုကရေစီအရေး၊ နိုင်ငံအရေး၊ ပြည်သူ့အရေးတွေကို
လုပ်ခဲ့လေတော့ အားကိုးရှာစရာပျောက်နေသူတွေက ပါတီကိုအားပေးလာကြတယ်။
ဒီတော့လည်း တဖြည်းဖြည်းနဲ့ ပါတီရုံးကလေးတွေ ဟိုမြို့ဒီမြို့တွေမှာ ဖွင့်လာနိုင်ခဲ့တယ်။
အောက်ခြေကလည်း အောက်ခြေအလိုက် ပြည်သူတွေရဲ့ အရေးလေးတွေကို ကူညီပေးနိင်ခဲ့တယ်။
အဲ့ဒီတော့လည်း လုပ်ပေးပျော်တယ်။
လွှတ်တော်မှာ ပြောနိုင်သလောက်ပြောတယ်။
မေးနိုင်သလောက် မေးတယ်။
လုပ်ပေးသင့်တာတွေကို ဆိုနိုင်သမျှ ဆိုတယ်။
အကြံပြုချက်တွေကို ထုတ်ပြန်နိုင်သလောက်ထုတ်ပြန်၊ ပေးနိုင်သမျှ ပေးခဲ့တယ်။
ကိုယ်လုပ်နိုင်သလောက် ပါတီက လုပ်ခဲ့ပါတယ်။
အချိုးကျကိုယ်စားပြုစနစ်ဆိုတဲ့ ပီအာတင်လိုက်တာနဲ့
၂၀၁၄ မှာ မြန်မာပြည်တုန်ဟီးသွားအောင် ဖြစ်ခဲ့ရတယ်။
၂၀၁၂ တင်တုန်းက တုတ်တုတ်မှမလုပ်တဲ့ မြန်မာ့နိုင်ငံရေး
ဒီတခါတော့ သွက်သွက်ကို ခါသွားပါလေရော။
တောင်ပြိုကမ်းပြိုမျှော်မှန်းကြသူတွေ ပိုအထိနာပါလေရော။
သွားရမယ့်ခရီးက ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကို ပိုစဉ်းစားရမယ့်အချိန်မှာ
ဖြစ်ချင်စိတ်တွေများကြတဲ့သူတွေက ကျွန်တော့်အခေါ် ခြင်သမားတွေ
တံဆိပ်တွေကပ်ပေးလိုက်တာ ဒေ၀ဒတ်အဆင့်တောင် ရောက်သွားလေရဲ့။
ကျန်တာကတော့ အသေးအမွှားကလေးတွေ ဖြစ်ကုန်ပြီ။
နိုင်ငံတကာမှာ ဒီမိုကရေစီပိုကျပြီး လူထုကိုပိုကိုယ်စားပြုနိုင်တဲ့စနစ်
ကိုယ့်နိုင်ငံမှာတော့ ပြည်ဖျက်မယ့်စနစ်။
အဲ့ဒီတော့လည်း ခင်ဗျားတို့လည်း ခင်ဗျားတို့မြင်တဲံအမြင်နဲ့ပြော၊
ကျွန်တော်တို့လည်း ကိုယ်မြင်တဲ့အတိုင်းပြော။
လူတစ်ယောက်ပြောသလို ပိုမြင်ကြည့်ပါ၊ ပိုတွေးကြည့်ပါဆိုတာကိုပဲ
ထပ်ပြောရမလို။
ဖြစ်နေတာ၊ ဖြစ်နိုင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်ချင်တာတွေက
နီးနီးလေးတွေနဲ့ ပေးတဲ့အဖြေတွေက တစ်ကမ္ဘာ့စီခြားနေတယ်။
ဒီတော့လည်း ပိုတွေးကြပေါ့ဗျာ။
အားကိုးရှိသူက အားကိုးနဲ့ပြောတယ်။ လုပ်တယ်။
အားကိုးမရှိသူကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
ကိုယ်မြင်တာကို ပြောတယ်။လုပ်တယ်။ တွေးတယ်။ ဆင်ခြင်တယ်။
ပြီးတော့ အချင်းချင်း အမြင်ဖလှယ်တယ်။ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ညှိနိုင်းတယ်။
ပြီးမှသာ ဘာဆက်လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီး လုပ်ကိုင်ကြတယ်။
အဲ့ဒီတော့လည်း မြန်မာ့နိုင်ငံရေး တစ်ခေတ်ပြောင်းမယ့်အချိန်ကို
စောင့်လိုက်ဦးမယ်။
အဲ့ဒီတော့မှပဲ လုပ်ရကိုင်ရတာ လယ်ဗယ်တူသွားကြမယ်။
မိုးကုတ်ကိုတိုး( ၉-၁၀-၂၀၁၄)
$$ kotoetoe $$
No comments:
Post a Comment