အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၁၅)
ရက်စွဲ။ ၃၁-၁-၂၀၁၅
NDF ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီအစည်းအဝေးနှင့် အလှူငွေလက်ခံပွဲကျင်းပ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ အစည်းအဝေးနှင့် အလှူငွေ လက်ခံပွဲ ကို ၃၁-၁-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဌ ဦးစိန်လှဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးအောင်ဇင်၊ ဦးတိုးတိုး၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးသက်ထွန်းမောင်၊ ဒုဥက္ကဌ ဦးခိုင်မောင်ရည်၊ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးထက်အောင်ကျော်၊ ဦးစိုးဦး၊ဦးမင်းမင်းထွန်းနှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ မြို့နယ်စည်းများနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များဖြစ်ကြသော YaYaYaဂျပန်စာသင်ကျောင်းမှ ဦးသူဟန်ဦးနှင့်ဒေါ်ခင်မြင့်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်က ရန်ကုန်တိုင်းစည်းရုံးရေးအခြေအနေနှင့် ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆောင်ရွက်ကြရမည့်ကိစ္စရပ်များကို ပြောကြားခဲ့သည်။ ဒု-ဥက္ကဌ ဦးခိုင်မောင်ရည်က လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် လိုအပ်ချက်များ ကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ စည်းရုံးရေးလိုအပ်ချက်များကို ဖြည့်စွက်ပြောကြားခဲ့သည်။
အလှူငွေလက်ခံပွဲကို ဆက်လက်ကျင်းပရာတွင် ပါတီဌာနချုပ်ရုံးခန်း ဌားရမ်းရန်အတွက် အလှူငွေ ကျပ်သိန်း၂၀ ကို အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် YaYaYaဂျပန်စာသင်ကျောင်းမှ ဦးသူဟန်ဦး၊ ဒေါ်ခင်မြင့်ခိုင်တို့က ပေးအပ်ရာတွင် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ လက်ခံယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။အလှူငွေ ကျပ်ငါးသိန်းကို ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်မောင် ၊ အလှူငွေ ကျပ်သုံးသိန်းကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးတို့မှ ပေးအပ်ရာတွင် ဦးစိန်လှဦးမှ လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ရန်ကုန်တို်င်းအတွင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို မြို့နယ်အလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ၁-၂-၂၀၁၅ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းပြုလုပ်မည့် ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှုနှင့် NDF လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ချက်လက်ကမ်းစာစောင်ဖြန့်ဝေရေးအတွက် စီစဉ်ထားရှိမှုများ ကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
No comments:
Post a Comment