Tuesday, July 1, 2014

NDF ပါတီရဲ့နိဂုံးဆောင်းပါးအား တရားဝင်တုန့်ပြန်ကြောင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၃၀/ ၂၀၁၄

ရက်စွဲ။  ၂၀၁၄ခုနှစ် ၊ ဇူလိုင်လ(၂)ရက်

 

          NDF ပါတီရဲ့နိဂုံးဆောင်းပါးအား တရားဝင်တုန့်ပြန်ကြောင်း သတင်းထုတ်ပြန်ခြင်း

 

         " NDF ပါတီရဲ့ နိဂုံး" ဆောင်းပါးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအတွင်းရှိ ပါတီစည်းရုံးရေးကော်မတီအဆင့်ဆင့်တို့မှ ပါတီဌာနချုပ်သို့ တောင်းဆိုချက်များအရလည်း ကောင်း၊ အဆိုပါ တောင်းဆိုချက်များအပါအ၀င် ပါတီ၏နိုင်ငံရေးဂုဏ်သိက္ခာကို မမှန်မကန်ဝေဖန်ပုတ်ခတ်မှုအား တရားမျှတစွာ ပြန်လည်တုန့်ပြန်ရန်ဟူသည့် နိုင်ငံရေးတာဝန်အရလည်းကောင်း၊  အမျိုးသားဒီမိုကရေစီအင်အားစု NDF (ခမောက်)ပါတီမှ အောက်ပါအတိုင်း သတင်းထုတ် ပြန်လိုက်သည်။

         ရန်ကုန်တိုင်းဂျာနယ်တွင် ဆောင်းပါးရှင် စည်သူအောင်မြင့်ရေးသားသော "NDF ပါတီရဲ့နိဂုံး" အမည်ရှိ ဆောင်းပါးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ မြို့နယ်စည်းများနှင့် တိုင်းနှင့်ပြည်နယ်စည်း များက အရေးယူဆောင်ရွက်ပေးရန် တင်ပြလာခြင်းများနှင့်အတူ၊ ထိုဆောင်းပါးပါ ရေးသားချက်များသည် NDF ပါတီ ၏ လက်ရှိလုပ်ဆောင်နေသော ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် ပြည်သူများအတွက် လုပ်ဆောင်နေမှု များအပေါ် အဆိုးမြင်စေသည့်သဘောထားများ စာဖတ်သူများအတွင်း ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေဖြင့် ထိုကိစ္စအပေါ် အရေးယူဆောင်ရွက် ပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားထားပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment