ဒ်ီမိုကရေစီမိတ်ဆွေပါတီများပြည်ထောင်စုနေ့အခမ်းအနားစုပေါင်းကျင်းပ
ဒီမိုကရေစီမိတ်ဆွေပါတီများမှ စုပေါင်းကျင်းပသော ၆၆ နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနားကို အမှတ် ၁၉၉၊ ဘိုကလေးဈေးလမ်း၊ ၀ိုင်ဒဗလျူစီအေ
ခန်းမတွင် ၁၂-၂-၂၀၁၃ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ထိုအခမ်းအနားသို့ ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်ကြသော
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက် တစ်ပါတီ(မြန်မာ)၊
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့်ြ့ငိမ်းချမ်းရေးပါတီ၊
ပြည်ထောင်စုဒီမိုကရေစီပါတီ၊
ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ
ပါတီမှ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့်
ဖိတ်ကြားထားသောနိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊
သတင်းဌာနများမှသတင်းထောက်များ စုစုပေါင်း ၃၀၀ခန့် တက်ရောက်ခဲ့သည်။
သဘာပတိအဖွဲ့အဖြစ် ဒေါက်တာသန်းငြိမ်း(NDF)၊ ဒေါ်သန်းသန်းနု(DPM) ၊
ဦးမျိုးညွန့်(ဒီငြိမ်း)၊ ဦးထွန်းရွှေ (ညီငြိမ်း)၊ ဦးသောင်းဝင်း(UDP)၊
ဦးဦးလှစော(RNDP)၊ ဦးစောသန်းမြင့်(SNDP)၊ ဦးနိုင်ခင်မောင်(AMRDP)
တို့က ဆောင်ရွက်ကြပြီး အခမ်းအနားမှူးအဖြစ် ဦးလှမြင့်(DPM)နှင့်
ဒေါ်မိမြင့်မြင့်ဝေ(AMRDP) တို့က ဆောင်ရွက်သည်။
သဘာပတိ ဦးဦးလှစောက ၆၆ နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက်
အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားများအနေဖြင့် ရလိုချင်နေသော
ဖယ်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စများ၊ ပြည်တွင်းစစ်ရပ်စဲရေး
နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စများအကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှသ၀ဏ်လွှာများကို
ဖတ်ကြားရာတွင်တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ သ၀ဏ်လွှာကို
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းထွန်းက ဖတ်ကြားပြီး
ရှစ်ဆယ့်ရှစ်မျိုး ဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ သ၀ဏ်လွှာကို
ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက ဖတ်ကြားသည်။ ထိုနောက်
ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ပြည်ထောင်စုနေ့ပူးတွဲကြေညာချက်ကို
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က ဖတ်ကြားသည်။ သဘာပတိ
ဦးဦးလှစောက အမှာစကားပြောကြားက ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ၆၆
နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ညနေ ၃း၀၀ တွင်
အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားကျင်းပရာ YWCA ခန်းမ သဘာပတိအဖွဲ့ဝင်များ
သဘာပတိ ဦးဦးလှစော
မိန့်ခွန်းပြောကြားစဉ် ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင်ဦးကိုကိုကြီး
ပြောကြားစဉ်
ဒီမိုကရေစီမိတ်ဆွေပါတီများ၏ပူးတွဲကြေညာချက် ဖတ်ကြားစဉ် တက်ရောက်လာကြသူများ
NDF ပါတီမှ တက်ရောက်လာသူများ အခမ်းအနားပြီးဆုံးကြောင်းကြေညာစဉ်
*************************************************************************************
ဒီမိုကရေစိမိတ်ဆွေပါတီများ၏
(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ပူးတွဲကြေညာချက်
ရက်စွဲ။ `၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်
ပြည်ထောင်စုမြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့ခင်ဗျား….
ယနေ့သည် ပြည်ထောင်စုဝင်တိုင်းရင်းသားအားလုံး၏
ညီညွတ်ပေါင်းစည်းမြင့်မြတ်အမြော်အမြင်ကြီးမားသည့် စိတ်ဓာတ်ဖြင့်
ပင်လုံညီလာခံ သဘောတူညီချက် ရေှးဆွဲချမှတ်တည်ဆောက်အောင်မြင်ခဲ့သည့်
(၆၆)နှစ်မြောက်နေ့ထူးနေ့ မြတ်ကြီး ဖြစ်ပါသည်။
ယနေ့ကျရောက်သော (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို
အလေးအမြတ်ထားဂုဏ်ပြုသောအားဖြင့် ကျွန်ုတို့ ဒီမိုကရေစီမိတ်ဆွေပါတီများက
ညီညွတ်စုစည်းလျှက် အထိမ်းအမှတ်ပြုစုပေါင်းကျင်းပသော
ပြည်ထောင်စုသားအားလုံးတို့ အား ၀မ်းမြောက်ရွှင်လန်းစွာ
နှုတ်ခွန်းဆက်သအပ်ပါသည်။
ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ချု့ပ်( ဖ.ဆ.ပ.လ)
၏ဦးဆောင်မှုဖြင့် မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံကြီး အောင်ပွဲရခါနီးကာလ
၁၉၄၇ ခုနှစ်ဦးတွင် ထိုအရေးတော်ပုံကြီး အပြီးသတ်အောင်ပွဲခံနိုင်ရေးအတွက်
အဓိကစွမ်းအားကြီးတစ်ရပ်လည်းဖြစ်လျက်၊ အနာဂတ်၌
တည်ထောင်ဖွဲ့စည်းပေါ်ပေါက်လာတော့မည့် လွတ်လပ်သည့် သမ္မတနိုင်ငံကို
ပြည်ထောင်စုအဖြစ် ဖွဲ့စည်းမည်ကိုလည်း ပဋိညာဉ်ပြုလိုက်သည့်
ပင်လုံညီလာခံသဘောတူစာချုပ် ကို (၁၂-၂-၁၉၄၇)ရက်နေ့၌ ရှမ်းပြည်နယ်၊
ပင်လုံမြို့ကလေးတွင် ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များက
ပါဝင်လက်မှတ်ရေးထိုး အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါသည်။
ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် လုံးဝလွတ်လပ်သော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီး ပေါ်ထွန်းခဲ့ပေသည်။ သို့သော်
လွတ်လပ်ရေးအကြိုနှင့် လွတ်လပ်ရေးအောင်ပွဲရပြီးစကာလမှစ၍
အယူဝါဒကွဲပြားခြား နားမှုများကြောင့်လည်းကောင်း၊
ပြည်ထောင်စု၏လူမျိုးများအကြား ခြားနားကွဲပြားသည့်အမြင်သဘောထားများကြောင့်
လည်းကောင်း၊ လက်နက်စွဲကိုင်တိုက်ခိုက်ကြရသည်အထိ ပဋိပက္ခများ
ဖြစ်ပွားလာခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ နှစ်ပေါင်း ၆၀ ကျော်
ရှည်ကြာခဲ့သည်ကိုလည်း အမျိုးသားကြေကွဲဘွယ်ရာ( National Tergedy) အဖြစ်
တွေ့ကြုံခဲ့ကြရပါသည်။
ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းကြောင်းကို
ပြန်ပြောင်းကြည့်ရှုသုံးသပ်မည်ဆိုပါက ယခုလက်ရှိနယ်နမိတ်များကို
ကျော်လွန်လျှက်ပင် အင်ပါယာတည်ဆောက်နိုင်ခဲ့သော်လည်း
သက်ဦးဆံပိုင်ပဒသရာဇ်အာဏာစက် နိုင်ငံအဖြစ်သာ ဖြစ်ခဲ့ကြောင်း ၊ တဖန်
ဗြိတိသျှကိုလိုနီလက်အောက်၌ တောင်တန်းဒေသတို့တွင် ပဒေသရာဇ်အုပ်စိုးမှု၊
မြေပြန့်ဒေသတွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ထွန်းကားလျှက်
တိုင်းရင်းသားချင်း ညီညွတ်မှုပြိုကွဲနေသည့် သူ့ကျွန်ဘ၀ ကိုလိုနီနိုင်ငံ
တစ်ခု သာ ဖြစ်ခဲ့ကြောင်း၊ ထိုမှ နိုင်ငံအချုပ်အခြာအာဏာ
ပြန်လည်ရရှိလာချိန်၌ ပြည်ထောင်စုနိုင်ငံထူထောင်နိုင်ခဲ့ကြ သော်လည်း
ပြည်ထောင်စုဝင်တိုင်းရင်းသားလူမျိုးစုအားလုံး ကျေနပ်လက်ခံနိုင်မည့်
အခွင့်အရေးတန်းတူညီမျှမှု၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု၊
မတည်ဆောက်နိုင်ခဲ့၍ အငြင်းပွားမှုအစုံမှသည် လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်ပွား
ခဲ့ပြီး ပြည်တွင်းစစ်မီး မငြိမ်းနိုင်သည်မှာ ယခုထိပင်ဖြစ်ကြောင်းတို့ကို
နာကျဉ်းနှောင်ကျဉ်ဖွယ်ရာ သင်ခန်းစာအဖြစ် ထုတ်ယူရရှိပါသည်။
ထိုကဲ့သို့ ခါးသီးလှသည့် သမိုင်းသင်ခန်းစာများအရ လက်နက်ကိုင်ပဋိပက္ခများ
ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ကျယ် ပြန့်ခိုင်မာသည့်
ပြည်တွင်းငြိမ်းချမ်းမှု ပြည်လည်တည်ဆောက်နိုင်မှသာ ၀ပြောသာယာသည့်
ဒီမိုကရေစီပြည်ထောင်စုသမ္မ တ နိုင်ငံတော်ကို တည်ထောင်နိုင်ပေလိမ့်မည်။
ထိုသို့တည်ဆောက်နိုင်ရန်မှာ လူမျိုးကြီးစရိုက်လက္ခဏာရော၊ ကျဉ်းမြောင်း သော
လူမျိုးစွဲစိတ်ဓာတ်ပါ ကင်းရှင်းသည့် ထာဝရပူးပေါင်းဖွဲ့စည်းအပ်သော
စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုမှုအပေါ် အခြေခံရလိမ့်မည်ဟု ကျွန်ုပ်တို့
ဒီမိုကရေစီမိတ်ဆွေပါတီများက အလေးအနက် ခံယူယုံကြည်ပါသည်။
ကျွန်ုပ်တို့ ဒီမိုကရေစီမိတ်ဆွေပါတီများသည် ၂၀၁၁ခုနှစ်မှစ၍ဤကြီးမြတ်သော
ပြည်ထောင်စုနေ့ကျရောက်တိုင်း ပူးပေါင်းကျုင်းပလာခဲ့သည်မှာ ယခု ၂၀၁၃
ခုနှစ်အထိဆိုလျှင် တတိယအကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။ (၁၂-၂-၂၀၁၁) ပထမ
အကြီမ်ပူးပေါင်းကျင်းပသည့် အထိမ်းအမှတ်ပွဲပူးတွဲကြေညာချက်တွင်လည်းကောင်း၊
(၁၂-၂-၂၀၁၂) ရက်နေ့ ပူးတွဲကြေညာချက်တွင်လည်းကောင်း ၊
ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအပြည့်အ၀ ထွန်းကားရေး၊
တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ်
ပေါ်ပေါက်ရေးတို့အတွက် အခြားအကြံပြုချက်များအပြင်-
(က) ဖြစ်တည်ဆဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၍
ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရန် ၊ ထိုပဋိပက္ခ တွင်
တိုက်ရိုက်၊သွယ်ဝိုပါဝင်ပတ်သက်သော နိုင်ငံရေးးအဇွဲ့အစည်းများအားလုံး
တက်ရောက်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညိလာခံ တစ်ရပ်ကို တည်ဆဲအစိုးရက
ကမကထပြုခေါ်ယူကျင်းပပေးရန်၊
(ခ) ထိုညီလာခံမှ ပြည်ထောင်စုလုံးဆိုင်ရာသဘောတူညီချက် ပဋိညာဉ်ကြိးတစ်ရပ်
သဘောတူချမှတ်နိုင် သည်အထိ အပြန်အလှန် စိတ်ရှည်ဇွဲရှိ၊သည်းခံဝေဖန်
ပိုင်းခြားစိတ်ဖြင့် နိုင်ငံရေးပါတီများ၊ အင်အားစု များ၊
တပ်မတော်တို့နှင့် ပြည်သူလူထုတစ်ရပ်လုံး ၀ိုင်းဝန်းလုံလ ဥဿဟပြု
ထောက်ခံသွားကြရန် ပန်ကြားတိုက်တွန်းခဲ့ပါသည်။
ယခုလည်း ဆိုခဲ့ပါအကြံပြုပန်ကြားတိုက်တွန်းချက်ကို
ယနေ့ကျရောက်သော(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကြိးတွင်ထပ်လောင်းအတည်ပြုအပ်ပါသည်။
ဒီမိုကရေစီမိတ်ဆွေပါတီများ
No comments:
Post a Comment