အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၇
ရက်စွဲ။ ၁၇-၆-၂၀၁၇
NDF (၇)နှစ်ပြည့်မွေးနေ့ပွဲနှင့် ဗဟိုဦးစီးကော်မတီအစည်းအဝေးကျင်းပပြုလုပ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီတည်ထောင်ခြင်း (၇)နှစ်ပြည့်အထိမ်းအမှတ်ပွဲနှင့် အဋ္ဌမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦစီးကော်မတီအစည်းအဝေးပထမနေ့ကို ၁၇-၆-၂၀၁၇ ရက်နေ့၊ နံနက် (၉း၃၀)နာရီက ရန်ကုန်မြို့၊ ဗိုလ်ကလေးဈေးလမ်းရှိ YWCAခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီနာယ ကများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဗဟိုဦးစီးကော်မတီဝင်များ၊လေ့လာသူများ၊ အထူး ဧည့်သည် တော်များ ဖြစ်ကြသော၊ ယခင်အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးဦး အောင်မင်း၊ ဦးညိုအုန်းမြင့်၊ ဦးစောမြင့်မောင်၊ ဦးငွေစိုးနှင့် ရန်ကုန်တိုင်းအတွင်းရှိ NDFပါတီဝင်များ၊ သတင်းမီဒီယာများ စုစုပေါင်း ၁၅၀ ကျော်တက်ရောက်ခဲ့ကြသည်။
မွေးနေ့ပွဲတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အမှာစကားပြောကြားပြီး NDF ပါတီဖြစ်ပေါ်လာပုံသမိုင်း ကြောင်းကို ပါတီဒုဥက္ကဌ(၁) ဒေါက်တာဝင်းနိုင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ပါတီတည်ထောင်ခဲ့သူ ခေါင်းဆောင်(၇)ဦးက ပါတီအမှတ်တရစကားများကို တစ်ဦးစီ ပြောကြားခဲ့ကြသည်။ ပြီးနောက် ပါတီသီချင်းနှစ်ပုဒ်ကို ပါတီဝင် များက ၀ိုင်းဖွဲ့သီဆို၍ မွေးနေ့ကိတ်ကို ပါတီခေါင်းဆောင်များက ပျော်ပျော်ပါးပါး လှီးဖြတ်ခဲ့ကြသည်။ ပါတီမွေးနေ့ အခမ်းအနားကို နံနက် ၁၀း၃၀နာရီတွင် ကျင်းပပြီးစီးခဲ့သည်။ အလှူရှင်များက အလှူငွေများကို လှူဒါန်းရာတွင် ပါတီခေါင်းဆောင်များက လက်ခံယူခဲ့ကြသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ၊ ပထမနေ့ အစည်းအဝေးကို စတင်ကျင်းပ ရာတွင် တွဲဘက်သဘာပတိအဖြစ် ဒေါက်တာဝင်းနိုင်က ဆောင်ရွက်သည်။ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားခဲပြီး တက်ရောက်လာကြသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဗဟိုဦးစီးကော်မတီဝင် များက တိုင်း/ပြည်နယ်တစ်ခုချင်းအလိုက် မိတ်ဆက်အမှာစကားပြောကြားခဲ့ကြသည်။ ပြီးနောက် ပါတီနာယက များ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် မိတ်ဆက်ပေးပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ နေ့လည် ၁၂း၀၀နာရီတွင် မနက်ပိုင်းအစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။
နေ့လည် ၁း၃၀နာရီတွင် မွန်းလွဲပိုင်းအစီအစဉ်များကို ပြန်လည်စတင်ပြီး သဘာပတိအဖြစ် ပါတီနာယက ဦးစိန်လှဦးက ဆောင်ရွက်သည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို ပါတီအထွေထွေ အတွင်းရေးမှူး ဦးနေမင်းကျော်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်အောင်တို့က ဖတ်ကြားသည်။ နိုင်ငံတော် သမ္မတထံ ရွေးကောက်ပွဲကော်မရှင်အား စွပ်စွဲပစ်တင်၍ အရေးယူဖယ်ရှားပေးရန် တင်ပြစာနှင့်ပတ်သက်၍ ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက လုပ်ဆောင်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၁၇ ကြားဖြတ်ရွေး ကောက် ပွဲနှင့်သုံးသပ်ချက်စာတမ်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကြီးမြင့်နှင့် ဦးခိုင် မောင်ရည်တို့က ဖတ်ကြားခဲ့သည်။ NDFပါတီနှင့် PR စာတမ်းကို ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်ဇင်က ဖတ်ကြားသည်။ ဗဟိုနာယကအဖွဲ့၏စာတမ်းကို နာယကအဖွဲ့ဝင် ဒေါ်တင်နွယ်ဦးမှ ဖတ်ကြားခဲ့သည်။
ထို့နောက် တိုင်းနှင့်ပြည်နယ်အလိုက် စည်းရုံးရေးအခြေအနေများကို တစ်တိုင်းချင်းတင်ပြကြရာတွင်
ကချင်ပြည်နယ်-ဒေါ်လီလီထု၊ ကရင်ပြည်နယ်-ဒေါ်အေးအေးမြင့်၊ စစ်ကိုင်းတိုင်း-ဒေါ်မြင့်မြင့်သိန်း၊ တနင်္သာရီတိုင်း ဦးတိုပို၊ ပဲခူးတိုင်း- ဒေါ်နန်းကြူသန်းဝင်းနှင့်ဦးမင်းလွင်၊ မကွေးတိုင်း-ဦးဇော်ဝင်းအောင်၊ မန္တလေးတိုင်း- ဒေါက် တာထွန်းထွန်းဦး၊ နေပြည်တော်-ဒေါ်ဆုရည်ဖြိုးအောင်၊ မွန်ပြည်နယ်-ဦးအောင်မင်း၊ ရန်ကုန်တိုင်း-ဦးမြင့်သိန်း၊ ရှမ်းပြည်နယ်-ဒေါ်နန်းကိန်ဖောင်း၊ ဧရာဝတီတိုင်း-ဦးတင်ဝင်း၊ ဗဟိုအမျိုးသမီး-ဒေါ်ခင်မာလာ၊ ဗဟိုလူငယ်-ဦး အောင်ကိုကိုတို့က တင်ပြကြပြီး ပထမနေ့အစည်းအဝေးကို ညနေ ၄း၃၀နာရီတွင် အောင်မြင်စွာရပ်နားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
(၁၈-၆-၂၀၁၇ ရက်နေ့၊ ဒုတိယနေ့ အစည်းအဝေးကျင်းပအပြီး ညနေ ၄း၀၀ နာရီတွင် နိုင်ငံတော် သမ္မတံထံ ပေးပို့စာနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ PRESS MEET ပြုလုပ်သွားမည်






No comments:
Post a Comment