သို့
အယ်ဒီတာချုပ်
………………….သတင်းစာ/ဂျာနယ်
ရန်ကုန်မြို့
အကြောင်းအရာ။ NDFပါတီ အဋ္ဌမအကြိမ်နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်းအဝေးသို့ တက် ရောက် သတင်းရယူနိုင်ရန်အတွက် ဖိတ်ကြားခြင်း။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ အဋ္ဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးကို လာမည့် ဇွန်လ (၁၇)ရက်မှ (၁၈)ရက်နေ့အထိ ရန်ကုန်မြို့၊ ဗိုလ်ကလေးဈေးလမ်းရှိ YWCAခန်းမတွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဇွန်လ(၁၇)ရက်နေ့ နံနက် (၉း၃၀)နာရီတွင်ပြုလုပ်မည့် ပါတီ(၇)နှစ်မွေးနေ့အခမ်းအနားနှင့် ဗဟိုဦးစီး ကော်မတီအစည်းအဝေးဖွင့်ပွဲသတင်းနှင့် ဇွန်လ(၁၈)ရက်နေ့ ညနေ(၄း၀၀)နာရီတွင် ကျင်းပပြုလုပ်မည့် သတင်း မီဒီယာများနှင့်တွေ့ဆုံပွဲ(PRESS MEET)ပြုလုပ်မည် ဖြစ်ပါသဖြင့် တက်ရောက်သတင်းယူနိုင်ရန်အတွက် လူကြီးမင်း၏ သတင်းစာ/ ဂျာနယ်တိုက်မှ ကိုယ်စားလှယ်များကို စေလွှတ်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြား အပ်ပါသည်။
လေးစားစွာဖြင့်
(ဦးတိုးတိုး)
တာဝန်ခံ
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ရန်ကုန်မြို့


No comments:
Post a Comment