Sunday, January 29, 2017

NDF PRESS RELEASE 3-2017NDF ရန်ကုန်တို်င်းဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရုံးဖွင့်ပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၃/၂၀၁၇)

ရက်စွဲ။ ၂၉-၁-၂၀၁၇

NDF ရန်ကုန်တို်င်းဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရုံးဖွင့်ပွဲကျင်းပ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ၂၉-၁-၂၀၁၇ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ယုဇနအိမ်ယာ၊ တိုက်(၅)၊တတိယထပ်၊ ယုဇနဥယျာဉ် မြို့တော်တွင် ကျင်းပပြုလုပ်ခ့သည်။

         ထိုဖွင့်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီနာယက ဦးတိုးပိုနှင့်ဦးစိန်လှဦး၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

         ထိုဖွင့်ပွဲတွင် ပါတီနာယက ဦးတိုးပိုက NDF ပါတီပေါ်ပေါက်လာပုံနှင့်လွှတ်တော်တွင်းဆောင်ရွက်ချက်များ အကြောင်း၊ ရန်ကုန်တိုင်းဥက္ကဌ ဦးခိုင်မောင်ရည်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ကူညီလုပ်ဆောင်ပေးခဲ့မှုများ အကြောင်း၊ မြို့နယ်ဥက္ကဌ ဦးကျော်ဇင်မှ မြို့နယ်အတွင်း အောင်နိုင်ရေးကိစ္စဆောင်ရွက်ရန်လိုအပ်ချက်များ အကြောင်း၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများအကြောင်းကို ရှင်းလင်းပြော ကြားခဲ့ ကြသည်။

         တက်ရောက်လာသူများမှ ပီအာစနစ်နှင့် မျိုးစောင့်ဥပဒေများအကြောင်းမေးမြန်းရာတွင် ဦးအောင်ဇင်နှင့် ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့မှ ဖြစ်စဉ်များနှင့် ပါတီလုပ်ဆောင်ချက်များဖြင့် ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁း၃၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

         ဒဂုံဆိပ်ကမ်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ဇင်  ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  အခြားဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်မြေများတွင်လည်း ပါတီရုံးများဖွင့်လှစ် ရန်အတွက် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment