Wednesday, January 18, 2017

ndf press 2-2017NDFဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၂/၂၀၁၇)

ရက်စွဲ။ `       ၁၈-၁-၂၀၁၇

 

NDFဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရုံးဖွင့်ပွဲကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရုံးဖွင့်ပွဲကို ၁၈-၁-၂၀၁၇ ရက်နေ့ နံနက် ၁၀း၃၀နာရီတွင် အမှတ် ၄၄၁၊ ၁၃၃ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဖွင့်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ နှင့်  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီနာယက ဦးတိုးပို နှင့် နာယကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးခိုင်မောင်ရည်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော် မတီဝင်များ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၇၀)ခန့်တက်ရောက်ခဲ့ကြသည်။

         ပါတီဥက္ကဌ ဦးခင်မောင်ဆွေက NDF်ပါတီအကြောင်း၊ ပါတီဆောင်ရွက်ချက်များနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရသည့်အကြောင်းများကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဥက္ကဌ ဦးခိုင်မောင်ရည်မှ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားချက်များကို ပြောကြားခဲ့သည်။ ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် စည်ရုံးရေးကော်မတီဝင်များနှင့်မိတ်ဆက်ခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်း ဒေါ်ခင်မာလာနှင့်မိတ်ဆက်ပေးခြင်း၊ အလှူငွေများလက်ခံခြင်းတို့ကို ပြုလုပ်ပြီးနောက်အခမ်းအနား ကို နေ့လည် ၁၂း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment