Sunday, July 17, 2016

NDFပါတီ၏သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီး ကော်မတီအစည်းအဝေး နှစ်ရက်တာအောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (  ၁၂/၂၀၁၆)

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ဇူလိုင်လ(၁၇)ရက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီး

ကော်မတီအစည်းအဝေး နှစ်ရက်တာအောင်မြင်စွာကျင်းပပြီးစီး

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမတွင် ဇူလိုင်လ(၁၆)ရက်နှင့် (၁၇) ရက်နေ့ များတွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းများမှ ဗဟိုဦးစီး ကော်မတီဝင်များ၊ ဧည့်သည်တော်များနှင့်လေ့လာသူများ စုစုပေါင်း ၁၅၀ဦးကျော် တက်ရောက်ခဲ့ ပါသည်။

         ပထမနေ့ နံနက်ပိုင်းအစည်းအဝေးတွင် သဘာပတိအဖြစ် ဦးခင်မောင်ဆွေက တာဝန်ယူဆောင်ရွက်ပြီး

သဘာပတိအဖွင့်မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ပြည်နယ်နှင့်တိုင်းများမှ ဗဟိုဦးစီးကော်မတီဝင်များကို တိုင်းနှင့်ပြည်နယ်အလိုက် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့သည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာကို ပါတီအထွေထွေအတွင်းရေးမှူ ဒေါက်တာဝင်းနိုင်၊ ဦးကျော်အောင်နှင့် ဦးဝင်းဇော်(ခ)ဦးဇော်ကြီးတို့မှ တင်သွင်းဖတ်ကြားခဲ့သည်။ ကျွန်ုပ်တို့မျှော် မှန်းသောဖက်ဒရယ်ပြည်ထောင်စုစာတမ်းအကျဉ်းကို အတွင်းရေးမှူး ဦးနေမင်းကျော်မှ တင်သွင်းဖတ်ကြားခဲ့ပြီး နေ့လည် ၁၂း၀၀နာရီတွင် အစည်းအဝေးကို ခေတ္တခဏ ရပ်နားခဲ့သည်။

         နေ့လည်ပိုင်းအစည်းအဝေးကို မွန်းလွဲ(၁)နာရီတွင် ပြန်လည်စတင်ပြီး သဘာပတိအဖြစ် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ ဆောင်ရွက်ခဲ့သည်။ ပါတီ ၂၀၁၅ရွေးကောက်ပွဲရလာဒ်သုံးသပ်ချက်ကို ဦးခိုင်မောင်ရည်နှင့် ဦးအေး မင်းထွန်းတို့မှ ဖတ်ကြားတင်သွင်းခဲ့သည်။ လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးအောင်ဇင်မှ ဆွေးနွေးတင်ပြခဲ့သည်။

         ထို့နောက် တိုင်းနှင့်ပြည်နယ်များမှ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များအလိုက် အစီရင်ခံစာများကို တင်ကြားဖတ်ကြားခဲ့ကြပြီး ညနေ (၄း၀၀)နာရီတွင် ပထမနေ့အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

         ၁၇-၇-၂၀၁၆ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ဒုတိယနေ့အစည်းအဝေးကို ပြန်လည်စတင်ကျင်းပခဲ့ သည်။ မနက်ပိုင်းသဘာပတိအဖြစ် ပါတီဒုခေါ်င်းဆောင် ဦးတိုးပိုမှ ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှတင်သွင်းသည့်စာတမ်းသုံးစောင်နှင့်ပတ်သက်၍ တိုင်းနှင့်ပြည်နယ်များအလိုက် ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးတင်ပြခဲ့ကြသည်။ ထိုဆွေးနွေးချက်များနှင့် ပတ်သက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကိုယ်စား ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် အထွေထွေအ တွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ပြီး မနက်ပိုင်းအစီအစဉ်များကို ရပ်နားခဲ့ပါသည်။

         နေ့လည်(၁း၀၀)နာရီတွင် နေ့လည်ပိုင်းအစည်းအဝေးအစီအစဉ်များကို စတင်ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် ဦးခင်မောင်ဆွေမှ ဆောင်ရွက်ခဲ့ပါသည်။ ပါတီနာယကအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပါတီဖွဲ့စည်းပုံနှင့်အညီ ဗဟိုအလုပ်အမှုဆောင်ကော်မတီရွေးချယ်ပုံစနစ်များနှင့်ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

         အစည်းအဝေးအစီအစဉ်အရ ၂၀၁၁-၂၀၁၆ တာဝန်ထမ်းဆောင်ခဲ့သော ဗဟိုအလုပ်အမှုဆောင်ကော်မ တီနှုတ်ထွက်ခြင်းကို  အစည်းအဝေးကြီးမှ လက်ခံခဲ့ပြီးနောက် ပါတီနာယကအဖွဲ့ ဖွဲ့စည်းရန်အတွက် သတ်မှတ် ထားသော နာယကအရည်အချင်းများနှင့်ညီညွတ်သူများကို  စာရင်းတင်သွင်းခဲ့ပါသည်။ ထိုနာယကအဖွဲ့ဝင်များ မှာ ဦးတိုးပို၊ဦးစိုးဝင်း၊ဦးစိန်လှဦး၊ဦးမြင့်ဖေ၊ဦးအောင်ဆန်း၊ဦးကြည်ဟန်(ပဲခူးတိုင်း)၊ဦးအောင်ထွန်း(မွန်ပြည်နယ်)၊ ဦးအောင်(မကွေးတိုင်း)နှင့်ဒေါ်တင်နွယ်ဦးတို့ကို အစည်းအဝေးကြီးမှ အတည်ပြုခဲ့ပါသည်။

         နာယကအဖွဲ့ဝင်အဖြစ် စာရင်းတင်သွင်းထားသူ ဦးခင်မောင်ဆွေအား ပါတီကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးဦးဆောင်မှုပေးရန်အတွက် ပါတီဥက္ကဌအဖြစ် တာဝန်ယူပေးပါရန်ကို မန္တလေးတိုင်းမှ ဦးကျော်အောင်က အဆိုတင်သွင်းခဲ့သည်။ ထို့အဆိုကိုတနင်္သာရီ တိုင်းမှ ဦးတိုးပို၊ ရန်ကုန်တိုင်းမှ ဦးအောင်ဇင်၊ ဦးခိုင်မောင်ရည်၊ ဦးမြင့်သိန်း၊ ဧရာဝတီတိုင်းမှ ဦးတင်ဝင်း၊ မွန်ပြည်နယ်မှ ဦးတိုးဝင်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသဖြင့် နာယကအဖြစ် ဆောင်ရွက်ရန်ခွင့်မပြုဘဲ ပါတီဥက္ကဌအဖြစ်ဦးခင်မောင်ဆွေကို တာဝန်ပေးအပ်ကြောင်းကို အစည်းအဝေးကြီးမှ အတည်ပြုခဲ့ကြပါသည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌက မိမိနှင့်လက်တွဲလုပ်ကိုင်မည့် ဗဟိုအလုပ်အမှုဆောင်ကော်မ တီနှင့် အရံဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်အဆိုပြုရန်နည်းလမ်းကို တက်ရောက်လာသော ဗဟိုဦးစီးကော်မတီဝင်များက ထောက်ခံကြသဖြင့် ထိုနည်းလမ်းအတိုင်း ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် စင်ပြိုင်စာရင်းတင်သွင်းခြင်းမရှိသဖြင့် ဦးခင်မောင်ဆွေ အား ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် အစည်းအဝေးကြီးမှ အတည်ပြုခဲ့သည်။

         အတည်ပြုထားသော ရွေးချယ်ရေးနည်းလမ်းအရ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ရွေးချယ်ထားသော ဗဟိုအလုပ်အမှုဆောင်ကော်မတီစာရင်းကို တင်သွင်းခဲ့သည်။ ထိုသူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်း နိုင်၊ ဦးသက်ထွန်းမောင်၊ ဦးနေမင်းကျော်၊ ဦးကျော်အောင်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်၊ ဦးအေးမင်းထွန်း၊ဦး ထက်အောင်ကျော်၊ ဦးကြီးမြင့်၊ ဦးမောင်မောင်လှသောင်း၊ ဦးဝင်းဇော်၊ ဦးခိုင်မောင်ရည်ဈဦးနန်းထိုက်ဇော်

ဒေါ်မြင့်မြင့်မော်တို့ ဖြစ်ကြပါသည်။ ထိုဗဟိုအလုပ်အမှုဆောင်ကော်မတီစာရင်းကို အစည်းအဝေးကြီးမှ အတည်ပြု   ခဲ့ပါသည်။

အရံဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ်ဦးမြတ်မိုး(ပဲခူးတိုင်း)၊ဒေါ်နန်းကြူသန်းဝင်း(ပဲခူးတိုင်း)ဦးခင်မောင်သန်း( မန္တလေးတိုင်း)၊ဦးမင်းမင်းထွန်း(ရန်ကုန်တိုင်း)၊ဦးမြတ်မိုးမြင့်(ကချင်ပြည်နယ်)၊ဦးရဲညွန့် (မကွေးတိုင်း)၊ဦးနေ၀င်း (မကွေးတိုင်း)၊ဒေါ်သော်တာဆိုင် ( အမျိုးသမီး)၊ဦးကျော်သူရ (လူငယ်)၊ဦးကြည်အေး( မွန်ပြည်နယ်)၊ဦးလှခိုင်         (ရန်ကုန်တိုင်း)၊ဦးစိန်ထွန်း(မန္တလေးတိုင်း)၊ဦးကျော်ဆန်းဝင်း(မန္တလေးတိုင်း) တို့ကို စာရင်းတင်သွင်းပြီး အစည်းအဝေးကြီးမှ အတည်ပြုခဲ့ပါသည်။

         ရွေးချယ်ခံရသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ သီးသန့်အစည်းအဝေးပြုလုပ်၍ တာဝန်များ ခွဲဝေထမ်းဆောင်မှုကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက်  အောက်ပါအတိုင်း တာဝန်ခွဲဝေယူခဲ့ကြသည်။

၁။      ဦးခင်မောင်ဆွေ                 ဥက္ကဌ

၂။      ဒေါက်တာဝင်းနိုင်       ဒုဥက္ကဌ(၁)

၃။      ဦးသက်ထွန်းမောင်     ဒုဥက္ကဌ(၂)

၎။      ဦးနေမင်းကျော်                 အထွေထွေအတွင်းရေးမှူး

၅။      ဦးကျော်အောင်         အတွင်းရေးမှူး

၆။      ဦးတိုးတိုး               အတွင်းရေးမှူး

၇။      ဦးအောင်ဇင်            အတွင်းရေးမှူး

၈။      ဒေါ်မြင့်မြင့်မော်                 ဘဏ္ဍာရေးမှူး

၉။      ဦးသာဆိုင်              အဖွဲ့ဝင်

၁၀။    ဦးအေးမင်းထွန်း                အဖွဲ့ဝင်

၁၁။    ဦးထက်အောင်ကျော်   အဖွဲ့ဝင်

၁၂။    ဦးကြီးမြင့်               အဖွဲ့ဝင်

၁၃။    ဦးမောင်မောင်လှသောင်း  အဖွဲ့ဝင်

၁၄။    ဦးဝင်းဇော်              အဖွဲ့ဝင်

၁၅။    ဦးခိုင်မောင်ရည်                 အဖွဲ့ဝင်

၁၆။    ဦးနန်းထိုက်ဇော်                 အဖွဲ့ဝင်

         ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတိစာရင်းကို အစည်းအဝေးကြီးမှ တခဲနက်အတည်ပြုသည်။

အစည်းအဝေးအစီအစဉ်အရ သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး၏ ဆုံးဖြတ် ချက်များကို ဒုဥက္ကဌ(၁) ဒေါက်တာဝင်းနိုင်မှ ဖတ်ကြားရာတွင် နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်(၅)ချက်နှင့် ပါတီဆိုင် ရာဆုံးဖြတ်ချက်(၁၁)ချက်တို့ကို ပါဝင်ခဲ့သည်။

         သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် သတ္တမအကြိမ် မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကို ညနေ(၄း၀၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment