Saturday, September 5, 2015

ndf pressrelease 35

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၄/၂၀၁၅

ရက်စွဲ။ ၁-၉-၂၀၁၅

MPC တွင် ကျင်းပပြုလုပ်သော လပတ်ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ တက်ရောက်ဆွေးနွေး

         မြန်မာ့ငြိမ်းချမ်းရေးစင်တာMPC တွင် ယနေ့နံနက် ၉း၀၀နာရီတွင် ကျင်းပပြုလုပ်သော community Forum on nation building အစည်းအဝေးသို့  NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။  ဆွေးနွေးပွဲခေါင်းစဉ်မှာ NCA စာချုပ် ချုပ်ဆိုခြင်းနှင့် ချက်ခြင်းလုပ်ဆောင်ရမည့် သဘောတူညီချက်များအကြောင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ MPC မှ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ ဦးအောင်နိုင်ဦးတို့ NCA အကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး တက်ရောက်လာခဲ့ကြသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် သတင်းစာဆရာများက မိမိတို့ ထင်မြင်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

NDF ပါတီမြောက်ဥက္ကလာပနှင့် မြောက်ဒဂုန်တွင် ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်ချက်များအကြောင်း ပန်းဖလက်ဖြန့်ဝေ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်ရုံးရေးကော်မတီမှ ဦးစီး၍ မြောက်ဥက္ကလာပ မြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီလွှတ်တော်ကိုယ်စား လှယ်များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ၅-၉-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် စတင်ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများတွင်မြောက်ဒဂုန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်စည်းဝင်များ ပါဝင်ခဲ့ကြကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment