အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၃၄/၂၀၁၅
ရက်စွဲ။ ၁-၉-၂၀၁၅
ရန်ကုန်တိုင်းလေးမြို့နယ် NDF ပါတီစည်းရုံးရေးလှုပ်ရှားမှုပြုလုပ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီမှ ဦးစီး၍ (၁-၈-၂၀၁၅)ရက်နေ့တွင် ရန်ကုန်တိုင်း အတွင်းရှိ ကမာရွတ်၊ ကြည့်မြင့်တိုင်၊ အလုံနှင့် လမ်းမတော်မြို့နယ်များသို့ NDF ပါတီလွှတ်တော်ကိုယ်စားလှယ် များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များပြည်သူ့သို့အသိပေးရန်အတွက် လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
ထိုစည်းရုံးရေးလှုပ်ရှားမှုသို့ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထိုလေးမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် NDF ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး မနက် ၈း၀၀နာရီမှ စတင်ခဲ့ပြီး ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မကြာမီ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် မြောက်ဥက္ကလာပမြို့နယ်များသို့ ပါတီလွှတ်တော်ကိုယ်စားလှယ်များ၏ဆောင်ရွက်ချက်များ အသိပေးဖြန့်ဝေခြင်းများကို ဆက်လက်ပြုလုပ်သွား ရန် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment