Sunday, July 26, 2015

ndf press release 30-205 office open 26-7-2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၃၀/၂၀၁၅

ရက်စွဲ။ ၂၆-၇-၂၀၁၅

 

NDF ပါတီ ကြည့်မြင့်တိုင်မြို့နယ်ရုံးဖွင့်ပွဲပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ်ရုံးဖွင့်ပွဲကို ၂၆-၇-၂၀၁၅ ရက်နေ့  နံနက် ၉း၃၀နာရီတွင် မြို့နယ်ရုံးတည်ရှိရာ ကြည့်မြင့်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦးနှင့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ကြည့်မြင့်တိုင်မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးကြီးမြင့်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ကြည့်မြင့်တိုင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြ မည့် လွှတ်တော်ကိုယ်စားလှယ်လောင်များ၊ ရန်ကုန်တိုင်းအတွင်းဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ပါတီဝင်များ စုစုပေါင်း ၇၀ဦးခန့် တက်ရောက်ခဲ့ကြသည်။

         မြို့နယ်ရုံးဖွင့်ပွဲတွင် မြို့နယ်ဥက္ကဌဦးကြီးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီခေါင်းဆောင်များနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦးတို့က ပါတီ၏လုပ်ဆောင်မှုများကို ပြောကြားခဲ့ပြီး လူငယ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်း လူငယ်တာဝန်ခံ ကိုကျော်ထက်က ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဥက္ကဌ ဦခင်မောင်ဆွေက ပါတီမူဝါဒ၊ ပေါ်ပေါက်လာရခြင်းနှင့် ပါတီ၏ဆောင်ရွက်ချက်များ၊ ပါတီရှေ့ဆက်သွားမည့်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် ပါတီ၏ဆောင်ရွက်ချက်များနှင့်  ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုနိုင်ရေး အတွက် ပါတီ၏ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

         ထို့နောက် နံနက် ၁၁း၀၀နာရီတွင် ကြည့်မြင့်တိုင်မြို့နယ်ရုံးဖွင့်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

        

 

မွန်ပြည်နယ်ဘီးလင်းတွင် NDF ပါတီရပ်ကွက်ကျေးရွာရုံးများဖွင့်လှစ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရပ်ကျေးရုံးများဖွင့်ပွဲကို ၂၆-၇-၂၀၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိေ၇ွှလှေကျေး၇ွာအုပ်စု၇ုံး၊အနိုင်းပွန်ကျေး၇ွာ၇ုံးနှင့်ပေါက်တောကျေး၇ွာအုပ်စုရုံးများတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ မွန်ပြည်စည်းရုံးရေးမှူး ဦးကြည်အေးနှင့် ပေါင်မြို့နယ်စည်းများ၊ ဘီးလင်းမြို့ နယ်စည်းများနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်  လွှတ်တော်ကိုယ်စား လှယ်လောင်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်

No comments:

Post a Comment